ပြည်မှာ PR ဆန့်ကျင်ဆန္ဒပြသူ ၅ ဦး ပုဒ်မ ၁၈ နဲ့ ရဲကအမှုဖွင့်

ဒီလ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည် မြို့မှာ PR ခေါ် အချိုးကျကိုယ်စားပြု စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင် သူ ၅ ဦးကို တရားမဝင်စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈နဲ့ ပြည်မြို့နယ်ရဲစခန်းက အမှုဖွင့်ထား ပါတယ်။

PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကန့်ကွက်ဆန္ဒပြပွဲ ကို ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်အဖွဲ့က ဦးဆောင်ပြီး သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မှာ ပြုလုပ်စဉ် Photo: Wai Mar Tun,Wai Yan Moe Myint/ RFA

ဒီလ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ သူတွေထဲက ဦးဆောင်သူ ၅ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ပြည်မြို့နယ်ရဲစခန်း က အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံရသူတွေထဲက ပြည်သူ့အထောက်အကူပြု ကွန်ရက်အဖွဲ့ဝင် ကိုကျော်ဆွေက အခုလို ပြောပါတယ်။

"ကျနော်တို့က ခွင့်ပြုမိန့်တင်တဲ့ဟာကို ခွင့်ပြုမိန့်မကျဘဲ နဲ့ ဆန္ဒပြလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ စွဲတယ်ခင်ဗျ၊ သူတို့က ဆန္ဒပြတာ ၅ ရက် ကြိုတင်ရမယ်ဆိုတဲ့အကြောင်း ကျနော်တို့က  ၁ ရက်နေ့ကတင်ပြီးတော့ ၄ ရက်နေ့ပြတဲ့အတွက် ၅ ရက်မပြည့်တာကြောင့် လက်မခံနိုင်တဲ့အကြောင်းပေ့ါ အဲ့လိုပြောတယ်"

အဲဒီဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ စုစုပေါင်း ၁၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။

သြဂုတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ပီအာခေါ် အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကျင်းပခဲ့ပြီး မနေ့ကလည်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ၁၀၀ လောက်က ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့မှာ PR စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org