မြစ်ကြီးနားမြို့နယ် NLD ဥက္ကဋ္ဌ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနား မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဆိုပြီး မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
-
2014-06-18 -
-
-
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဆိုပြီး မြစ်ကြီးနား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။
အမှုဖွင့်ထားတဲ့အကြောင်းကို မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က အခုလိုပြောပါ တယ်။
"၂၄ ရက်နေ့က သူတို့ဟောပြောပွဲကို ခွင့်ပြုချက်မရပဲ လုပ်သွားလို့ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူ ဆောင် ရွက်ထားတာရှိပါတယ်၊ ပုဒ်မ ၁၈ နဲ့ပါ"
အဲဒီလို အမှုဖွင့်ခံရတဲ့ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားက သူ့ကို အမှုဖွင့်ထားတဲ့အကြောင်း ရဲစခန်းက တရားဝင် အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။
"ကျနော့်အနေနဲ့ကတော့ တစ်ဘက်က တရားဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုရင် ကျနော်လည်း အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ကျနော်ရင်ဆိုင်သွားပါမယ်၊ နောက်တစ်ခုက ဒီလိုကိစ္စမျိုးဟာ အရင်ကလည်း အခုဆောင်ရွက်ခဲ့သလို ကျနော်တို့ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပေမဲ့ ဘယ်တုန်းကမှ ဒီပြဿနာမျိုးမရှိခဲ့ဘူး၊ အခုဒီ ၄၃၆ ပြင်ဆင်တဲ့အချိန်မှာက ဒီလိုပုံစံမျိုးဖြစ်လာတာက ကျနော် အံ့သြလည်းအံ့သြမိတယ်၊ တရားမျှတမှုမရှိဘူးလို့ပဲ ယူဆပါတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့City Park Royal စားသောက်ဆိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဟောပြောပွဲ ကျင်းပဖို့အတွက် ပြည်နယ်၊ မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။