စက်ရုံ သပိတ်ခေါင်းဆောင်များ ရဲဖက်မှခေါ်ယူ သတိပေးခံရ
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံငါးရုံမှာ ဆန္ဒပြနေ တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို အာဏာပိုင်တွေက မနေ့ညနေပိုင်းက ခေါ်ယူသတိပေးခဲ့ တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။
-
2013-05-24 -
-
-
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံငါးရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို အာဏာပိုင်တွေက မနေ့ညနေပိုင်းက ခေါ်ယူသတိပေးခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် ရဲစခန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေက အလုပ်သမားခေါင်းဆောင်တွေကို မြို့နယ်အုပ် ချုပ်ရေးမှူးရုံးခန်းမှာ ခေါ်ယူသတိပေးခဲ့တာပါ။
အခုလို ဆန္ဒပြနေတာဟာ ပုဒ်မ(၁၈)နဲ့ အရေးယူလို့ရနိုင်တယ်လို့ မြို့နယ်အာဏာပိုင်တွေဖက်က ပြောကြားခဲ့ကြောင်း စံကောင်း ပီနံအိတ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုဝင်းထွန်းအောင်က RFA ကို ပြောပါတယ်။
"မြို့နယ်မှူး ပါတယ်ဗျာ၊ ရဲစခန်းက ရဲစခန်းမှူးပါတယ်၊ သူတို့ကပြောတာကတော့ ဖိအားပေးတာ မဟုတ်ပါဘူးလို့၊ ဒီဥပဒေကိုသိရှိအောင်ပြောတာပါလို့ပုံစံမျိုးနဲ့ အဲဒါမျိုးလေးတွေတော့ သူတို့ကခေါ်ပြောတယ်"
မနေ့ကအထိ လှိုင်သာယာအတွင်းက စက်မှုဇုန်တွေထဲက စံကောင်း ပီနံအိတ်စက်ရုံ၊ ပိုစန်း ရေပိုက်လုံးစက်ရုံ၊ အက်စ်ကွိုင်ယာ Esquire ဖိနပ်စက်ရုံ၊ သုံးထပ်ကြီး အထည်ချုပ်စက်ရုံနဲ့ ဆာကူရာ အထည်ချုပ်စက်ရုံတွေက ဆန္ဒပြနေခဲ့ကြပါတယ်။ ဒီကနေ့ကနေ တနင်္ဂနွေနေ့အထိ အစိုးရရုံးပိတ်ရက်တွေ ဖြစ်တဲ့အတွက် တောင်းဆိုမှုတွေကို ခဏရပ်နားထားပါတယ်။
အာဏာပိုင်တွေဖက်က အခုလိုခေါ်ယူသတိပေးခဲ့ပေမယ့် အလုပ်သမားတွေကတော့ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေးနဲ့ အလုပ်ဖြုတ်ခံရသူတွေ ပြန်ခန့်ထားရေးအတွက် လာမယ့်တနလာၤနေ့မှာ ဆက်လက်တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။