၂ဝ၁၆ ခုနှစ်ကျ မှ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖွယ်ရှိတယ်လို့ ပြောကြား
တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်ထဲရောက်မှသာ ဖြစ်နိုင်ခြေ ရှိကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ နေပြည်တော်မှာပြု လုပ်တဲ့ ဆွေးနွေးပွဲမှာ ရှင်းပြခဲ့ကြောင်း သိရပါတယ်။
-
2014-10-18 -
-
-
Your browser doesn’t support HTML5 audio
တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်ထဲရောက်မှသာ ဖြစ်နိုင်ခြေရှိကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရှင်းပြခဲ့ကြောင်း သိရပါတယ်။
နေပြည်တော် MAX ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပတဲ့ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍ” ဆိုတဲ့ ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေက ရှင်းပြခဲ့တာလို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။
"အခု နိုင်ငံရေးဆွေးနွေးပွဲကို မရောက်သေးဘူး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သွားတဲ့ဟာက ၂ဝ၁၅ မကဘူး၊ ၂ဝ၁၆ ကို ကူးသွားမယ်လို့ သူတို့ထင်တယ် ဆိုပြီး အဲ့လိုဆွေးနွေးသွားတယ်၊ နောက်ဆုံးပိတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ လွှတ်တော်ထဲမှာပဲ ငြင်းကြခုန်ကြရမှာပဲ၊ နောက်ဆုံး နိုင်ငံရေးဆွေးနွေးပွဲဆိုတာလည်း လွှတ်တော်ထဲမှာပဲ အဆုံးအဖြတ်ပေးမှာပဲ၊ တကယ်တမ်းကျတော့ လွှတ်တော်ကို ဂရုမစိုက်လို့မရဘူးလေ၊ လွှတ်တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာတော့ ဦးဆောင်နေတဲ့အခန်းကဏ္ဍမှာပါတယ်"
အဲဒီဆွေးနွေးပွဲကို မနက်ဖြန်အထိ နှစ်ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ပြည် တွင်းငြိမ်းချမ်းရေး ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးနေ ဆဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလထဲမှာ ကျင်းပနိုင်မယ်လို့ မူလကခန့်မှန်းခဲ့ကြပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နှစ်ဖက်လက်မှတ်ရေးထိုးနိုင် မယ့် နောက်ဆုံးအဆင့် သဘောတူမူကြမ်း မရရှိသေးဘူးလို့ သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ဟာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ လားရှိုးမြို့မှာ ဒီကနေ့ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA သတင်းထောက် ဦးအောင်မိုးမြင့် SSPP အထွေထွေ အတွင်းရေးမှူး စပ်ခွန်ဆိုင်းကို မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။