အစာငတ်ခံ ဆန္ဒပြသူများ ထောင်ဝင်စာ တစ်လပိတ်

အင်းစိန် အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ရာမှာ မိသားစုဝင်တွေ အငြင်းပယ် ခံရပါတယ်။

ထောင်ဝင်စာ တစ်လပိတ်ထားကြောင်း အစာငတ်ခံ ဆန္ဒပြရာမှာ ပါဝင်ကြတဲ့ ကိုစိုးမိုးထွန်း၊ ကိုညီညီထွန်းနဲ့ ကိုကောင်းမြတ်လှိုင် တို့ရဲ့ မိသားစုဝင်တွေကို အကြောင်းပြန် လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစု အကျိုးဆောင် ကွန်ယက်အဖွဲ့က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

အင်းစိန် အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြသ ူ(၁၅) ဦး ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီထဲက (၈) ဦးကို စစ်ခွေးတိုက် ပို့ထားကြောင်း ထောင်တွင်း သတင်းရပ်ကွက်က ဆိုပါတယ်။

အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ ပတ်သက်ပြီး တရားမျှတစွာ ကိုင်တွယ် ဆောင်ရွက်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ပြည်သူတချို့က လက်မှတ်ရေးထိုး တောင်းဆိုနေကြပြီး စုဆောင်း ရရှိတဲ့ လက်မှတ်တွေကို အပြည်အပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မြန်မာ အာဏာပိုင်တွေထံကို ပေးပို့မှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org