နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ
နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ြငိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။
-
2011-11-03 -
-
-
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
အမည်မဖေါ်လိုတဲ့ အရာရှိ တစ်ဦးကတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဖြစ်နိုင်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
နေပြည်တော် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကလည်း သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံတော် တည်ဆောက်ရေးမှာ အကျိုးများစွာ ဖြစ်ထွန်းမယ်လု့ိ ယုံကြည်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
လွတ်လာမယ့်သူတွေထဲမှာ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဦးခွန်ထွန်းဦး စသူတွေ ပါဝင်ပြီး
အခု လွှတ်ပေးမယ့် နိုင်ငံရေး အကျဉ်းသား စာရင်းကို သမ္မတ ဦးသိန်းစိန်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို တင်ပြခဲ့တယ်လို့လည်း သတင်းရပါတယ်။
အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် တပ်မတော်သားများ အပါအဝင် ပြည်သူပြည်သား အားလုံး အတွက် များစွာ အကျိုးရှိမှာ ဖြစ်ပါတယ်လို့ အန်အယ်လ်ဒီ ဒု-ဥက္ကဌ ဦးတင်ဦးက မှတ်ချက်ချပါတယ်။
အန်အယ်လ်ဒီက ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၇၀၀ လောက်ရှိပြီး မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းအရ ၆၀၀ လောက်ပဲ ရှိတယ်လု့ိ ဆိုပါတယ်။
အဲဒီကွာခြားချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ပြီးခဲ့တဲ့လက
တွေ့ဆုံ ဆွေးနွေးရာမှာ ညှိနှိုင်းခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင် တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။