ရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေးအတွက် အထူးရဲ လေးသောင်းခွဲ ခန့်ထားဖို့စီစဉ်နေ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးက မဲရုံလုံတွေခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းခွဲ ခန့်ထားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။

မဲရုံလုံတွေခြုံရေး အထူးရဲတပ်ဖွဲ့ဝင်တွေကို ၂၀၁၅ အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရစဉ်

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးက မဲရုံလုံတွေခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းခွဲ ခန့်ထားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။

သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းက ရဲစခန်းတွေမှာ စတင်လျှောက်ထားနိုင်ပြီး ခန့်အပ်ခံရတဲ့သူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သင်တန်းပေးသွားမယ်လို့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက RFA ကို ပြောပါတယ်။

ခန့်အပ်ခံရတဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာကိုတော့ အခြေခံရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနှုန်းထားအတိုင်း ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အထူးရဲ လျှောက်ထားလိုသူတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား အသက် ၆၀ ထက် မကြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပညာအရည်အချင်း အလယ်တန်းအောင်မြင်ပြီးသူ၊ ပြည်သူတွေ ယုံကြည်ရသူ စတဲ့အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့သူတွေကို ရွေးချယ်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံအရေအတွက် လေးသောင်းကျော် ထားရှိမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်တဲ့အတွက် မဲရုံတွေ တိုးမြှင့်နိုင်ခြေရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org