ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကွန်ပျူတာ သင်တန်းကျောင်း မီးလောင်

မ‌န္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးမြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်း နိုဝင်ဘာလ ၁၂ ရက် မနေ့ညပိုင်းက မီးလောင် ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုပ္ပါးမြို့က မီးလောင်ပျက်စီးသွားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်း ပစ္စည်းများကို ၂၀၂၁ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် Photo: CJ

မ‌န္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးမြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်း နိုဝင်ဘာလ ၁၂ ရက် မနေ့ညပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ည ၈ နာရီခွဲလောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရှို့မီးလို့ယူဆရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"လောင်တာက ခန့်မှန်းခြေ ည ၈ နာရီခွဲ ၉ နာရီလောက်ကပေါ့နော်။ သွားတော့ ကြည့်လို့မရဘူး။ သူတို့တွေ ရှိနေတဲ့အတွက်ကြောင့်ပေါ့နော်။ မီးလောင်တာကတော့ သိပ်မကြီးဘူး။ ပတ်ချာလည်ကို ဓာတ်ဆီလောင်ပြီး မီးရှို့တာမျိုး ထင်တယ် "

အဲဒီမီးလောင်ကျွမ်းမှုဟာ ၁ နာရီကြာပြီးနောက် မီးငြိမ်းသတ်သူမရှိဘဲ မီးငြိမ်းသွားခဲ့တယ်လို့လည်း ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်းဟာ ပုပ္ပါး-ကျောက်ပန်းတောင်းသွားရာ သုံးထပ်ကွေ့လမ်းရဲ့ အပေါ်ဆုံး ကျွန်းတောကွေ့မှာ တည်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကတည်းက ပိတ်ထားတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် ပျုစောထီးအဖွဲ့က လုပ်ဆောင်တာလို့ ဒေသခံတွေက စွပ်စွဲနေတာမျိုး ရှိပေမဲ့ RFA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org