မြန်မာပြည်ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီးဆုတောင်း

အဆွေတော်တို့သိကြတဲ့အတိုင်း မြန်မာပြည်ဟာ ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်နေပါတယ်။

၂၀၁၆ ဧပြီလ ၁၆ ရက်နေ့တွင် ဂရိနိုင်ငံမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး။ Photo:AFP

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲလို့ ကလေး ၃၅ ယောက် အပါအဝင်လူ ၂၀၀ လောက်သေဆုံးရတဲ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ငြိမ်းချမ်းဖို့ ထပ်မံပန်ကြားလိုက်ပါတယ်။

အဆွေတော်တို့သိကြတဲ့အတိုင်း မြန်မာပြည်ဟာ ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်နေပါတယ်။

ဒီလိုဖြစ်နေတာကို ကျွန်ုပ်ရဲ့နှလုံးအိမ်ထဲမှာလည်းကိန်းဝပ်နေတဲ့အတွက် ဘုရားသခင်ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးဖို့ ကျွန်ုပ်နဲ့အတူဆုတောင်းဖို့ဖိတ်ခေါ်ပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက ဧပြီလ ၁၅ ရက်နေ့မှာ ပန်ကြား လိုက်တဲ့အကြောင်း UCA ကက်သလစ်သတင်းမှာ ဖော်ပြထားပါတယ်။

၁၉၅၃ ခုနှစ်က တောင်ငူမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်တပ်က ပစ်ခတ်လို့ရင်ဘတ်မှာ ဒဏ်ရာရပြီး ခရစ်တော်မှာအိပ်ပျော်သွားတဲ့ ကက်သလစ်ဘုန်းတော်ကြီး အဲလ်ဖရက်ဒိုခရယ်မိုနီဇီ ရဲ့ဇာတိအီတလီမှာ ပရိတ်သတ်တွေနဲ့ တွေ့ဆုံချိန် အတွင်း ပုပ်ရဟန်းမင်းကြီး ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org