မြန်မာပြည်သူတွေ ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း

ဒုက္ခနဲ့နာကျင်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေ အမြန်ငြိမ်းချမ်းပါစေလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က တနင်္ဂနွေနေ့မှာ ဆုမွန်ကောင်း ထပ်တောင်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ၂၀၂၁ စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဥ် Photo: Vatican News

ဒုက္ခနဲ့နာကျင်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေ အမြန်ငြိမ်းချမ်းပါစေလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က တနင်္ဂနွေနေ့မှာ ဆုမွန်ကောင်း ထပ်တောင်းလိုက်ပါတယ်။

ဗာတီကန်နန်းတော် စိန့်ပီတာစကွဲရင်ပြင်မှာ ရောက်ရှိနေတဲ့ ပရိသတ်ကို ထွက်ပြီး စကားပြောဆုတောင်းပေး တဲ့အထဲမှာ ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်သူတွေချစ်သော အမိမြေအတွက် ဘုရားသခင်ဆီက ငြိမ်းချမ်း ရေး လက်ဆောင်ရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အသက်ဆုံးပါး နာကြင်မှုတွေအတွက် ကျရတဲ့မျက်ရည်ကို ပြည်တွင်းမှာ သုတ်ပေးမယ့်လက်တွေ မရှိကောင်း မရှိနိုင်တဲ့အတွက် ဆုတောင်းပေးသလို၊ ငြိမ်းချမ်းရေးပြန်ရလာဖို့အတွက် အတူလက်တွဲ လုပ်ကိုင်ကြဖို့နဲ့ အခက်အခဲတွေ အတူလက်တွဲကျော်ဖြတ်ကြဖို့ကိုလည်း သူက မိန့်ကြားလိုက် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org