မူးယစ်ဆေးဝါးသုံးစွဲမှု ပအိုဝ်းခေါင်းဆောင်သတိပေး

ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ ဘိန်းစိုက် ပျိုးခြင်းမပြုကြဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နာယက ဦးအောင်ခမ်းထီက တိုက် တွန်းလိုက်ပါတယ်။

ဘိန်းခင်းတစ်ခင်းကို တွေ့ရစဉ် Photo: Nay Thwae/RFA

ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ ဘိန်းစိုက်ပျိုးခြင်းမပြုကြ ဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နာယက ဦးအောင်ခမ်း ထီက တိုက်တွန်းလိုက်ပါတယ်။

တနင်္လာနေ့ မနေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ် ကောင်ပန် တန်းကျေးရွာ အလယ်တန်းကျောင်းဖွင့်ပွဲမှာ PNO နာယ က ဦးအောင်ခမ်းထီက ပအိုဝ်း ဘာသာစကားနဲ့ပြော ကြားခဲ့ပါတယ်။

“ပအိုဝ်းတွေဟာ အရင်က ဘိန်းစိုက်ပျိုးသူတွေ မဟုတ် ပါဘူး။ အခု ပအိုဝ်းတွေဟာ ဘိန်းစိုက်ပျိုးလာရုံမျှမက ဘဲ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား သုံးစွဲသူတွေ လည်းများ လာနေပါတယ်။ ဒီလိုမူးယစ်ဆေးဝါးသုံးစွဲမှု ဘိန်းစိုက်ပျိုးမှုရှိနေသ၍ ပအိုဝ်းလူမျိုးတွေဟာ ဘုရားဒကာကျောင်းဒကာတွေ ဖြစ်လာမှာ မဟုတ်တော့ဘဲ မူးယစ်ဆေးသုံးစွဲသူတွေအဖြစ် သတ်မှတ်ခံရပါလိမ့်မယ်”

တစ်ချိန်တည်းမှာပဲ မနေ့က ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာမှာ ဘိန်းအစားထိုး သီးနှံအဖြစ် ဗာဂျီးနီးယားဆေးရွက် ကြီး စိုက်ပျိုးကြဖို့ Alliance One Myanmar ကုမ္မဏီက ဒေသခံပအိုဝ်းတိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ ကုမ္ပဏီဘက်က နည်းပညာနဲ့ဈေးကွက်ကို ကူညီပေးမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှုအများဆုံးပြည်နယ်အဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ UNODC ကလည်း မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစီရင်ခံ စာထုတ်ပြန်ထားပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ကြိုးပမ်းလုပ်ဆောင်ပေးနေပေမဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ တိုးတက်များပြားလာ နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org