မသင်္ကာတဲ့ အစားအစာတွေ စစ်ဆေးဖို့ပေးပို့ကြ

ဓာတုဆေးဝါးပါတဲ့ အစားအသောက်တွေ ကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အား မလုံလောက်တဲ့ အတွက် ပြည်သူတစ်ဦးချင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်း သိန်းဌေးက ပြောကြားလိုက်ပါတယ်။

အရောင်ဆိုးဆေးတွေပါဝင်တဲ့ မုန့်ထုပ်တွေကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ဓာတုဆေးဝါးပါတဲ့ အစားအသောက်တွေကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အား မလုံလောက်တဲ့အတွက် ပြည်သူတစ်ဦးချင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနမှာပြုလုပ် တဲ့ မြန်မာ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေး ကော်မတီအစည်းအဝေးမှာ ဒုဝန်ကြီး ဒေါက် တာ ဒေါ်သိန်းသိန်းဌေးက  မသင်္ကာတဲ့ အစား အသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကိုတွေ့ရင် နီးစပ်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကို အမြန်ဆုံးပို့ပေးကြပါလို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

"ဈေးထဲမှာ ငပိရည်ထဲမှာ အန္တရာယ်ရှိတာပါတယ်ဆိုရင် အစာဆေးဝါးဌာက ဘာလုပ်နေလဲလို့ သူတို့ကထင်တယ်၊ ကျမတို့က ရွာတွေအများကြီးရှိတဲ့ ဆိုင်တွေများကြီးထဲရဲ့ ရောင်းနေတဲ့ဟာတွေကို လိုက်ပြီးတော့ သိလောက်အောင်ရှာတဲ့အထိ ကျမတို့မှာ လူအင်အားမရှိဘူး၊ အရေးအကြီးဆုံးကတော့ တစ်ဦးချင်းမှာ တာဝန်ရှိတယ်၊ ဥပမာ ဈေးသွားတယ်၊ အဲ့ငပိကို မသင်္ကာဘူးဆိုရင်တော့ အဲဒီ့ဆိုင်မှတ်ခဲ့ပြီးတော့ အဲ့ငပိကို ယူလာပြီးတော့ အစာနဲ့ဆေးဝါးကို လာပေးရင် ကျမတို့က ဓါတ်ခွဲပေးတယ်၊ ဆိုလိုတာက ပူးပေါင်းမှုက အရမ်းလိုတယ်"

မကြာခင်ရက်ပိုင်းက နေပြည်တော် သပြေကုန်းဈေးမှာ တားမြစ်ဓာတုဗေဒဆေးဝါးတွေပါဝင်တဲ့ စားသောက်ကုန်နဲ့ အလှကုန်တချို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org