အပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့ ထိပ်သီးညီလာခံ ကျင်းပမည်

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ခု ရဲ့ ထိပ်သီးညီလာခံ ကျင်းပနိုင်ဖို့အတွက် ချင်းမိုင်းမြို့မှာ ဒီနေ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ NCA-S EAO PPST အဖွဲ့ရဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ စက်တင်ဘာလ ၆ ရက်နေ့က ချင်းမိုင်မြို့မှာပြုလုပ်ခဲ့စဉ် Photo: NCA-S EAO Facebook
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ခု ရဲ့ ထိပ်သီးညီလာခံ ကျင်းပနိုင်ဖို့အတွက် ချင်းမိုင်းမြို့မှာ ဒီနေ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အပစ်ရပ်အဖွဲ့၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို တက်ရောက်နေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌ ခိုင်စိုးနိုင်အောင် က ထိပ်သီးညီလာခံ ပြုလုပ်ဖို့ ဆွေးနွေးနေကြတယ်လို့ RFA ကိုပြောပါတယ်။

"ထိပ်သီးညီလာခံ NCA-S EAO ၁၀ ဖွဲ့ ထိပ်သီးညီလာခံကျင်းပဖို့ရှိတယ်၊ အဲတာကိုဆွေးနွေးနေကြတာ ဘယ်အချိန် ဘယ်နေရာမှာလုပ်မလည်းဆိုတာ ဆွေးနွေးနေတုန်းပဲနော်"

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ ရရှိခဲ့တဲ့ ရလာဒ်တွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးဖို့ နဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းအခြေအနေကို ညှိနှိုင်းဆွေးနွေးဖို့ PPST အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဒီနေ့ အဖွင့်မိန့်ခွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကွာဟမှုတွေကို ညှိနှိုင်းအဖြေရှာပြီး ဘုံသဘောတူချက်ရယူရေးအတွက်လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပွဲကို နှစ်ရက်ကြာပြုလုပ်မှာဖြစ်ပြီး အစည်းအဝေးပြီးနောက်မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ခုရဲ့ ထိပ်သီးညီလာခံ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org