PR စနစ် အတည်ပြုချက် စိစစ်ဖို့ အခြေခံဥပဒေခုံရုံးထံ အမျိုးသားလွှတ်တော်တင်ပြ

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုထားတာကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက အဲဒီ့စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပေးဖို့ အခြေခံ ဥပဒေခုံရုံးထံ တင်ပြထားကြောင်း ဒီနေ့ လွှတ်တော်ထံ အသိပေးခဲ့ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုထားတာကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက အဲဒီ့စနစ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပေးဖို့ အခြေခံဥပဒေခုံရုံးထံ တင်ပြထားကြောင်း ဒီနေ့ လွှတ်တော်ထံ အသိပေးခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးရဲ့ တင်ပြမှုကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က လွှတ်တော်ထံ အခုလို အသိပေးကြေညာခဲ့ပါတယ်။

"အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာစနစ်ကျင့်သုံးခြင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများကို ချန်လှပ်ပြီး ကျန်တိုင်းဒေသကြီးများ နှင့် ပြည်နယ်တို့တွင် တပြေးညီကျင့်သုံးရန် လျာထားခြင်းနဲ့ တင်ပြထားသော ရွေးကောက်ပွဲပုံစံ နှစ်မျိုးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အဆုံးအဖြတ်ပြုပေးပါရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးတို့က အမျိုးသားလွှတ်တော်ဥက္ကဌ မှတဆင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြလာပါတယ်"

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးပေးဖို့အဆိုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ လွှတ်တော်ထံ တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီ့အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် PR ရွေးကောက်ပွဲစနစ်တွေကို လေ့လာ ဖို့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ PR စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးဆိုပြီး ပယ်ချထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org