အထူး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒေါက်တာ ထွန်းအောင် ပြန်လွတ်

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ် ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင် ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခ နဲ့ ဆက်နွယ်ပြီး အင်း စိန် အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရ တဲ့ ဒေါက်တာ ထွန်းအောင် ကို နိုင်ငံတော်သမ္မတရဲ့ အထူး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေးလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အထူးလွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်လာတဲ့ ဒေါက်တာထွန်းအောင်ကိုတွေ့ရစဉ်။ Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည် နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်း သားတွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခ နဲ့ ဆက်နွယ်ပြီး အင်းစိန် အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ်ရှည်ကျခံနေရတဲ့ ဒေါက်တာထွန်းအောင်ကို နိုင်ငံတော်သမ္မတရဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်အမိန့် နဲ့  ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေးလိုက်ပါတယ်။

ဒီလို လွတ်မြောက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးသူ ကတော့ အမေရိကန်အောက် လွှတ်တော်အမတ် Aaron Schock ဖြစ်ပြီး ဝိုင်းဝန်းကူညီခဲ့တဲ့ အဖွဲ့အစည်း ကတော့ ချက်နိုင်ငံအခြေစိုက် Prague Freedom Foundation ဖြစ်ပါတယ်။

ဒေါက်တာ ထွန်းအောင်ဟာ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရာကနေ နောက်ပိုင်းမှာ ပြစ်ဒဏ်ကို ၉  နှစ်လျှော့ပေါ့ သတ်မှတ်ခံခဲ့ပါတယ်။

အောက်လွှတ်တော်အမတ် Aaron Schock က  အခုလို ဒေါက်တာထွန်းအောင်ကို လွှတ်ပေးလိုက် တာကြောင့် မြန်မာအစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးစားတယ်ဆိုတာ သက်သေပြ တာဖြစ်ကြောင်း၊ အမေရိကန်နဲ့ မြန်မာဆက်ဆံရေး ကောင်းမွန်လာတဲ့ သက်သေဖြစ်ကြောင်း ပြောပါတယ်။

ဒေါက်တာထွန်းအောင်ရဲ့သမီး မနန္ဒာကို ဦးခင်မောင်စိုးက မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org