ဖခင်ဖြစ်သူအကြောင်းပြောရင်း သမ္မတ ဦးထင်ကျော် မျက်ရည်ကျ

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဟာ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီကနေ့ကျင်းပ တဲ့ ကလေးစာပေပွဲတော်ဖွင့်ပွဲမှာ အဖွင့်မိန့်ခွန်းပြောနေရင်း မျက်ရည်ကျခဲ့ပါတယ်။

ကလေးစာပေပွဲတော် ဖွင့်ပွဲမှာ ဖခင်ဖြစ်သူအကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ သမ္မတ ဦးထင်ကျော် ကို နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပတဲ့ ကလေးစာပေပွဲတော် ဖွင့်ပွဲမှာ အဖွင့်မိန့်ခွန်းပြောနေရင်း မျက်ရည်ကျခဲ့ပါတယ်။

အဲဒီအဖွင့်မိန့်ခွန်းမှာ ဖခင်ဖြစ်သူ ကဗျာဆရာကြီး မင်းသုဝဏ်အကြောင်း ပြောနေရင်း နိုင်ငံတော် သမ္မတ မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ဖခင်ဖြစ်သူ ဆရာကြီး မင်းသုဝဏ်ဟာ ကလေး ကဗျာတွေ၊ စာတွေ၊ ပုံပြင်တွေ များစွာ ရေးသားခဲ့သူ တစ်ဦးဖြစ်ပြီး ဝါဆိုဝါခေါင်၊ ဆွမ်းအုပ်နီနီလို ကဗျာအချို့ဟာ ကျောင်းသုံးသင်ရိုး ဖတ်စာအဖြစ် ပုံနှိပ်ဖော်ပြ ခံခဲ့ရပါတယ်။

ဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်အနိုင် ရခဲ့တဲ့ ကိုယ်စားလှယ်တဦးလည်း ဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ သူရဲ့စာပေတွေ ကိုလည်း ကာလအတန်ကြာ ပိတ်ပင်ခံခဲ့ရပါတယ်။

ဆရာကြီး မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်တဲ့ သမ္မတဦးထင်ကျော်ဟာ “ဒလဘန်း”အမည်နဲ့ စာတွေရေး သားခဲ့သူဖြစ်ပြီး "အဘဘ၀ အဘအကြောင်းတစေ့တစောင်း" ဆိုပြီး ဖခင်ဖြစ်သူ အကြောင်းရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ကလေးစာပေပွဲကို စိတ်ကူးချိုချို၊ သီဟရတနာ၊ ရွှေမင်းသား၊ Myanmar Book Centre စတဲ့ စာပေတိုက် ၂၀ ကျော်လာရောက်ပြသရောင်းချကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org