ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှောင်ကြ ဖို့ သမ္မတ ဦးသိန်းစိန် သတိပေး

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေမယ့် ထိလွယ်ရှလွယ်နိုင်တဲ့ကိစ္စရပ်တွေမှာ ထိပ်တိုက် ရင်ဆိုင်တာတွေ ရှောင်ဖို့လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြား လိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ နိုဝင်ဘာလ ၃ဝ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် photo: President Office Website

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေမယ့် ထိလွယ်ရှလွယ်နိုင်တဲ့ ကိစ္စရပ်တွေမှာ ထိပ်တိုက်ရင်ဆိုင်တာတွေ ရှောင်ဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြားလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ သမ္မတ ဦးသိန်းစိန်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောခဲ့တာပါ။

“အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ လူထုအခြေပြု အဖွဲ့အစည်းများအနေနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ ရပ်တည်ချက်၊ ယုံကြည်ချက်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ကြောင်း ပြော ကြားလိုပါတယ်၊ ထိလွယ်ရှလွယ် အခြေအနေများ မရေရာမသေချာမှုများနဲ့ စိန်ခေါ်မှုများစွာရှိနေတဲ့ လူ့အဖွဲ့အစည်းအတွက် ထိပ်တိုင်ရင်ဆိုင်မှု နည်းလမ်းတွေကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းနဲ့ လုပ်ဆောင်ကြဖို့လည်း ပြောကြားလို ပါတယ်”

တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဖွဲ့အစည်း ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် အသီးသီးကလည်း လူငယ်ကဏ္ဍ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ ပညာရေးစတဲ့ အကြောင်းအရာတွေကို တစ်ဦးကို ငါးမိနစ်ဝန်းကျင်ပြောခဲ့ကြပြီး နိုင်ငံတော်သမ္မတ က ပြန်လည်ရှင်းပြခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံမှုတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် မရတနာဦးရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org