ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး အစွမ်းကုန်ဆောင် ရွက်ဖို့ ကုလတိုက်တွန်း

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပ မယ့် ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်း ချမ်းဖြစ်အောင် အစွမ်းကုန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှု ကာကွယ်ရေးအဖွဲ့ Prevention of Genocide က မြန်မာအစိုးရကို နိုဝင်ဘာလ ၄ ရက်နေ့က တိုက် တွန်းပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် အစွမ်းကုန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှု ကာကွယ်ရေးအဖွဲ့ Prevention of Genocide က မြန်မာအစိုးရကို နိုဝင်ဘာလ ၄ ရက်နေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မဲဆွယ်စည်းရုံးရေးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မ ၃၆၄ အရ တားမြစ်ထား တဲ့ နိုင်ငံရေးအတွက် လူမျိုးရေး၊ ဘာသာရေးအသုံးချ မဲဆွယ်တာတွေရှိနေတဲ့အတွက် စိုးရိမ်မကင်းဖြစ်ရတယ် လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

ဒါကြောင့် ပထမအချက်အနေနဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး အပြန်အလှန်လေးစားမှုရှိတဲ့ ငြိမ်းချမ်းတဲ့ အခြေအနေတွေဖြစ်အောင် အစွမ်းကုန်ဆောင်ရွက်ဖို့၊ ဒုတိယအချက်အနေနဲ့ သည်းခံမှုနဲ့ ငြိမ်းချမ်းမှုထွန်းကားတဲ့ စွမ်းရည်ရှိတာကို ရွေးကောက်ပွဲကနေ ပေါ်လွင်စေဖို့နဲ့ တတိယအချက်အနေနဲ့ အစိုးရသစ်ဖွဲ့မယ့် ခေါင်းဆောင်တွေ ဟာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဖော်ဆောင်ဖို့ ကတိကဝတ်ပြုစေလိုတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org