ဖမ်းဆီးထားသူ ၃ဝဝ ကျော်ကို ပြန်လွှတ်ပေးလိုက်ကြောင်း စစ်တပ်ထုတ်ပြန်

ဆန္ဒပြပွဲမှာပါဝင်လို့ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူတွေထဲက အယောက် ၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။

ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူ တဦး။ Photo: RFA

ဆန္ဒပြပွဲမှာပါဝင်လို့ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူတွေထဲက အယောက် ၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၃၂၂ ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

RFA က စိစစ်အတည်ပြုထားတဲ့ အမည်စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အထိ သေဆုံးသူ ၂၇၀ ရှိသွားပြီဖြစ်ပြီး အလောင်းပြန်မရတာ၊ အမည်မသိ အတည်မပြုနိုင်သေးတဲ့ သေစာရင်းက ၃၀၀ ကျော်ပါပြီ။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး မတ်လ ၂၅ ရက်နေ့အထိ ဖမ်းဆီးခံထားရတဲ့သူ သုံးထောင်နီးပါးရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org