နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်းလွှတ်ဖို့ AIPMC နဲ့ ITUC တောင်းဆို

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ခြောက်ထောင်သုံးရာ ငါးဆယ့်ကိုးဦး ကို မနေ့က စတင်လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက်ပဲ ပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ AIPMC က ပြောပါတယ်။

မြန်မာနိုင်ငံ အရေးဆောင်ရွက်နေသော အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ (AIPMC) ၏ ကမေႝာဒီးယား အဖွဲ့ခွဲ ၂ဝဝ၆ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ ဖွင့်လှစ်ပွဲ မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ ရှေ့တန်း အလယ်မှာ AIPMC ဥက္ကဌ ဇာအစ် အီဘရာဟင်၊ ရှေ့တန်း ဝဲမှ စတုတ္ထမှာ ကမေႝာဒီးယား အဖွဲ့ခွဲ ဥက္ကဌ ဆွန်ချေး၊ ရှေ့တန်း ယာမှ ဒုတိယမှာ မြန်မာနိုင်ငံ ဆိပ်ကမ်းမြို့နယ် လွှတ်တော်အမတ် ဒေါ်စန်းစန်းတို့ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများအပြား ဆက်လက် ထိန်းသိမ်းခံထား ရဆဲ ရှိနေတာကြောင့် သူတို့အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ AIPMC အနေနဲ့ မြန်မာအစိုးရကို ထပ်ပြီး တိုက်တွန်းပါတယ်လို့ အမှုဆောင် ညွန်ကြားရေးမှုး Agung Putri Astrid က အာအက်ဖ်အေ ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတာကို AIPMC ကြိုဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အချိန်အကြာကြီး ဆွဲနေတာကြောင့် မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ချက်တွေကို AIPMC အနေနဲ့ သံသယ ဖြစ်မိတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ အနေနဲ့လည်း မြန်မာအစိုးရ လုပ်ရပ်ကို စောင့်ကြည့်ဖို့ AIPMC က သတိပေးထားပါတယ်။

အလားတူပဲ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ITUC အနေနဲ့လည်း လွတ်မြောက်လာသူ တွေထဲမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင် (၇) ဦးပါဝင်တာကို ကြိုဆိုတယ်လို့ မနေ့က ထုတ်ပြန်ကြေညာ ပါတယ်။

ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ၊ အလုပ်သမား အရေး လှုပ်ရှားသူတွေ အများအပြား ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ITUC အနေနဲ့ တောင်းဆိုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org