နိုင်ငံရေးအကျဉ်းသားကို ထောင်ပြောင်းစဉ် လမ်းခရီးတွင် နှိပ်စက်ခံရ

၂၀၀၇ ခုနှစ်တုန်းက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်မျိုးဟာ အင်းစိန်ထောင်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြောင်းရွှေ့ခံလိုက်ရပါတယ်။

မြန်မာနိုင်ငံမှ အကျဉ်းသားများကဲ့သို့ ထောင်ဝတ်စုံ ဝတ်ဆင်၍ သံခြေကျင်း ခတ်ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြနေသူများ၏ ယခင်မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီလို ပြောင်းရွှေ့ခံရချိန် အင်းစိန်ထောင်ကနေ ဘူးသီးတောင်ထောင်ကို အပြောင်း လမ်းခရီးမှာ အာဏာပိုင်တွေက ကိုသန့်ဇင်မျိုးကို နိုင်ငံရေး အကျဉ်းသားတဦးအနေနဲ့ နှိပ်စက်ညှင်းပန်းတာတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဝင်စာ တွေ့ခဲ့တဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။

ကိုသန့်ဇင်မျိုးဟာ သူ့ရဲ့ ဇနီးဖြစ်သူ အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့အတူ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် ရန်ကုန် လှည်းတန်းမြို့နယ်မှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ထောင်ပြောင်းမဲ့အကြောင်းကို ကိုသန့်ဇင်မျိုး မိသားစုဝင်တွေကို အာဏာပိုင်တွေက အသိမပေးခဲ့ဘူးလို့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက RFA ကို ပြောပါတယ်။

ဘူးသီးတောင်ထောင်မှာ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးနဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သြယ်မေးူမန်းခဵက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org