နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေ ရဖို့ မြန်မာ အစိုးရသစ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။
-
2011-05-15 -
-
-
Your browser doesn’t support HTML5 audio
ဒီ တောင်းဆိုစာကို ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ က ပြီးခဲ့တဲ့ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံတဲ့ အမဖြစ်သူ မခင်သူဌေး က တဆင့် ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပေးလိုက်တာလို့ သိရပါတယ်။
တောင်းဆိုချက်မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခြေအနေတွေ၊ လူမှုရေးဆိုင်ရာ အချက်တွေအပြင် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ ရရှိဖို့ စသဖြင့် အချက် (၆) ချက် ပါဝင်တယ်လ့ို မခင်သူဌေးက RFA ကို ပြောပါတယ်။
ဒီစာကို ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့မှာ ထောင်အာဏာပိုင်တွေကို တင်ပြလိုက်တာ ဖြစ်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန် အပါအဝင်၊ ဒု-သမ္မတတွေ၊ အကျဉ်းဦးစီးဌာန၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် နဲ့ အာရှ လူ့အခွင့်အရေး ကော်မတီတို့ကို ပို့ပေးဖို့ နိုင်ငံရေး အကျဉ်းသားတွေက ပန်ကြားလိုက်တယ်လို့ ဆိုပါတယ်။
အခုလို တောင်းဆိုရတဲ့ အဓိက အကြောင်းရင်းကတော့ ကလေးမြို့ အကျဉ်းထောင်မှာ အမြဲတမ်း တာဝန်ယူ စောင့်ရှောက်တဲ့ ထောင်ဆရာဝန် မရှိတဲ့အတွက် အကျဉ်းသားတွေ အခက်အခဲ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသား ဦးညီပုနဲ့ ဦးတင်ယု ကို အပြင် ထောင်ဆေးရုံ ထုတ်ပြီး ဆေးကုရခဲ့ရတယ်လို့သိရပါတယ်။
အသေးစိတ်ကို RFA သတင်းထောက် ဦးရဲထက်က သတင်းပေးပို့ထားပါတယ်။
သတင်းပေးပို့ချက်။ |
|
အသံဖိုင်ယူရန်။ |