မန္တလေးမြို့က ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိကဆေးရုံ သုံးခု ပြန်ဖွင့်

စစ်ကောင်စီက ပိတ်သိမ်းခဲ့တဲ့ မင်္ဂလာ၊ မြို့တော်နဲ့ ကံ့ကော် ပုဂ္ဂလိကဆေးရုံတွေဟာ ပြန်လည်ဖွင့်လှစ်နေပါတယ်။

လိုင်စင်ရုပ်သိမ်းခံရသည့် မန္တလေး မြို့တော်ဆေးရုံအား တွေ့ရစဉ်။ City Hospital, Mandalay

မန္တလေးမြို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ပိတ်သိမ်းခဲ့တဲ့ မင်္ဂလာ၊ မြို့တော်နဲ့ ကံ့ကော် ပုဂ္ဂလိကဆေးရုံတွေဟာ ပြန်လည် ဖွင့်လှစ်နေပြီလို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအပြင် အဲဒီဆေးရုံတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကလည်း ပြန်လည်ဖွင့်လှစ်ထားတဲ့ အကြောင်း ကြေညာထားပါတယ်။

မင်္ဂလာဆေးရုံက ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မြို့တော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံတွေကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဖွင့်လှစ်ကြောင်း ဖော်ပြထား ပါတယ်။

ဆေးရုံတွေကို ဘာကြောင့်စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခွင့်ပြုတယ်ဆိုတာကိုတော့ RFA က ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

CDM ဆရာဝန်တွေနဲ့ သူနာပြုတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့ ကပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်းဆေးရုံတွေကို ၂၀၂၂ ဒီဇင်ဘာ ၃၁ နေ့ကစပြီး ယာယီပိတ်သိမ်းခိုင်းခဲ့ပါတယ်။

အဲဒီနောက် မြို့တော်၊ နန်းတော်၊ ကံ့ကော် ဆေးရုံသုံးခုကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ ဗဟိုအဖွဲ့က လုပ်ငန်းလိုင်စင် ဖျက်သိမ်းလိုက်တယ်လို့ ၂၀၂၃ ခုနှစ် မေလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

မင်္ဂလာပုဂ္ဂလိကဆေးရုံကိုလည်း၂၀၂၃ ခုနှစ် သြဂုတ် ၂၅ ရက်မှာ ယာယီပိတ်သိမ်းခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org