ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ

လက်ရှိ တစ်နိုင်ငံလုံး အနှံ့အပြားက မြို့ကြီးတော်တော်များများမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအတွက် လူအများအပြား ဆန္ဒပြနေကြပါတယ်။

စစ်အာဏာသိမ်း ခြောက်ရက်မြောက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းမပေါ်ထွက် စတင်ဆန္ဒပြကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

လက်ရှိ တစ်နိုင်ငံလုံး အနှံ့က မြို့ကြီးတော်တော်များများမှာ ဆန္ဒပြနေကြပါတယ်။

RFA က နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မန္တလေးမြို့ လမ်း ၈၀ မှာ လူတစ်သောင်းနီးပါး ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မြို့ ဆူးလေဘုရားတဝိုက်မှာလည်း လူအင်အားတထောင်ကျော်လောက် ဆန္ဒပြဖို့ စုဝေးနေပြီးတော့ ရဲလုံခြုံတွေလည်း တင်းတင်းကြပ်ကြပ်တွေ့ရပါတယ်။

လှည်းတန်း၊ စံရိပ်ငြိမ် ၂ လမ်းမှာ လူ ၂၀၀ ကျော်ဆန္ဒပြနေပြီး လုံထိန်းရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့နေပါတယ်။

နေပြည်တော် ပျဉ်းမနားမှာ လူအင်အား ၅၀၀ လောက်ဆန္ဒပြနေပါတယ်။

လက်ရှိ အင်တာနက်၊ ဖုန်းလိုင်းတွေ အားလုံးကို စစ်အစိုးရကပိတ်ထားတဲ့အတွက် ဆက်သွယ်ရေး ပြတ်တောက်နေပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်အစိုးရ အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ပင်ထားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org