သတင်းမှန်သိခွင့်ရရေး အစိုးရက မပိတ်ပင်ဖို့ ဆန္ဒပြတောင်းဆို

ပြည်သူတွေ သတင်းမှန်သိရှိခွင့်ရရှိရေးနဲ့ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားတင်ပြခွင့် ရရှိရေးအတွက် သတင်းမီဒီယာသမားတွေနဲ့ သတင်းလွတ်လပ်ခွင့် အလေးထားသူ စုစုပေါင်း ၇၀ လောက် စုပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပြည်သူတွေ သတင်းမှန်သိရှိခွင့်ရရှိရေးနဲ့ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားတင်ပြခွင့် ရရှိရေးအတွက် ၂၀၁၈၊ စက်တင်ဘာ ၁ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် Photo: Aung Thain Kha/ RFA

ပြည်သူတွေ သတင်းမှန်သိရှိခွင့်ရရှိရေးနဲ့ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားတင်ပြခွင့် ရရှိရေးအတွက် သတင်းမီဒီယာသမားတွေနဲ့ သတင်းလွတ်လပ်ခွင့် အလေးထားသူ စုစုပေါင်း ၇၀ လောက် စုပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်ရှိအစိုးရဟာ တပ်မတော်နဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက်နေတာကြောင့် ဒီမိုကရေစီ အင်အားစုတွေ၊ သတင်းမီဒီယာတွေနဲ့ ရန်သူလို သဘောမျိုးဖြစ်လာတဲ့အတွက် သတင်းလွတ်လပ်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆိုရတာ ဖြစ်ကြောင်း သတင်းသမားကာကွယ်စောင့်ရှောက်သူများ အဖွဲ့ PCMJ က ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

"ဒီအစိုးရက ဒီမိုကရေစီ အစိုးရဆိုပေမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးပေါ့။ ဒီစစ်တပ်နဲ့ ရင်ကြားစေ့ရေးကိုပဲ အဓိကထားနေပြီးတော့ စစ်တပ်က စိတ်ငြိုငြင်မှာ စစ်တပ်ကစိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်ပြီးတော့ ဒီလို မျိုးအုပ်ချုပ်နေတယ်လို့ ကျနော်တို့မြင်ရတယ်။ အဲတော့ စစ်တပ်နဲ့ ရင်ကြားစေ့ရေးကို ဦးစားပေးတဲ့ အတွက်ကြောင့်မို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ သူတို့ဝေးလာတယ်။ သတင်းမီဒီယာတွေဆိုတာ တစ်ချိန်တုန်းက NLD ပါတီရဲ့ အင်မတန်မှ ကောင်းတဲ့ဆက်ဆံရေး ရှိတယ်။ ဒါပေမဲ့ အခုချိန်ကတော့ ရန်သူတွေလိုဖြစ်လာပြီ။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်နဲ့ဘဲ ပြေလည်ရေးကို ဦးစားပေးပြီးတော့ တစ်ဖက်ကလူတွေကို အလေးမထားတဲ့အတွက်ကြောင့် အခုလို အခြေအနေမျိုးတွေ ဖြစ်လာတာပါ"

ဆန္ဒပြသူတွေက ပြည်သူတွေ သတင်းမှန်သိခွင့်ရရှိရေး၊ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံးပြန်လည် လွှတ်ပေးရေး စတဲ့အချက်တွေကို ကြွေးကြော်တောင်းဆိုပြီး လှည်းတန်းဘူတာ ရုံလမ်းကနေ ပြည်လမ်းအတိုင်း အင်းယားကန်ဘောင်ထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

လက်ရှိအစိုးရကို ပြည်သူတွေ တင်မြှောက်ထားတာကြောင့် ပြည်သူလူထုရဲ့ သတင်းမှန်သိပိုင်ခွင့်ကို အစိုးရအနေနဲ့ အလေးထားသင့်ကြောင်းနဲ့ သတင်းမီဒီယာတွေ လမ်းပေါ်ထွက်အောင် မလုပ်ဆောင်ဖို့ ပြောပါတယ်။

သတင်းသမားတွေအနေနဲ့ သတင်းမှန်တွေကို တင်ပြနိုင်အောင် ဆောင်ရွက်နေချိန်မှာ အစိုးရအနေနဲ့ ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးတာတွေ ရှိလာတဲ့အတွက် သတင်းအချက်အလက် သိပိုင်ခွင့်ဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း အသံအဖွဲ့က ကိုဆောင်းခက ပြောပါတယ်။

ဒီနေ့ပွဲမှာ လာရောက်ပူးပေါင်းသူတွေကို အင်္ကျီအနက်ရောင် ဝတ်ဆင်ကြဖို့လည်း တိုက်တွန်းထားပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားနေကြတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာသမား တချို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org