ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရ
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရလိုက်ရပါတယ်။
-
2020-09-09 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရလိုက်ရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားသုံးဦးဟာ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုဦးသန်းနိုင်နဲ့ ကိုကျော်နိုင်ဌေးတို့ ဖြစ်ပါတယ်။
သူတို့ဟာ ပြည်နယ်အစိုးရအလိုမရှိ၊ 4G အင်တာနက်ဖွင့်ပေး စတဲ့ ဆိုင်းဘုတ်တွေကိုကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ အဲဒီလို ဆန္ဒပြနေချိန်အတွင်းမှာပဲ ရဲတွေက ကားနဲ့ဝင်ရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
အခုလက်ရှိတော့ သူတို့ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။
ဖမ်းဆီးသွားတဲ့ ကျောင်းသား သုံးဦးနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေသလဲဆိုတာကိုသိဖို့ စစ်တွေအမှတ် (၁) စခန်းမှူး၊ ဒုရဲမှူး အောင်မြဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ရဲ့ သဘောထားမှတ်ချက်ရဖို့ RFA က ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။