ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြတောင်းဆို


2019.07.20
students-protest-622.jpg 7 July နေ့ အခမ်းအနားကျင်းပလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗကသနဲ့ တကသ ကျောင်းသားတွေ ၂၀၁၉၊ ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ ကံ့ကော်ပန်းခြံမှာ ဆန္ဒပြတောင်းဆိုကြစဉ်
ဓါတ်ပုံ - ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

7 July နေ့ အခမ်းအနား ကျင်းပခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗကသနဲ့ တကသ ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိသစ္စာ ခံယူပွဲတက်ရောက် လာချိန်၊ ကံ့ကော်ပန်းခြံသို့ ရောက်ရှိချိန်မှာ ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသားတွေက မန္တလေး အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား ကိုတူးဝေယံ လွတ်မြောက်ရေး၊ ဖိနှိပ်တဲ့ အဆောင်စည်းကမ်းတွေ ဖျက်ပေးရေးနဲ့ ကျောင်းသူတွေ လိင်အကြမ်း ဖက်ခံရတာတွေကို ဖြေရှင်းပေးဖို့ဆိုတဲ့ အချက်တွေကိုလည်း ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြ ခဲ့ပါတယ်။

ကိုတူးဝေယံ လွတ်မြောက်ရေး တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဥပဒေ ကြောင်းအရ မငြိစွန်းဘူးဆိုရင် ပြန်လည်လွှတ်ပေးလို့ရတဲ့အကြောင်း ပြောသွားတယ်လို့ ရန်ကုန် တက္ကသိုလ် ဗကသ ဥက္ကဋ္ဌ ကိုဖုန်းထက်နောင်က ပြောပါတယ်။

ဒါ့အပြင် တက္ကသိုလ်အတွင်း လိင်အကြမ်းဖက်ခံရတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်သိန်းက လက်ရှိအချိန်မှာ CCTV ကင်မရာတွေ တပ်ဆင်နေကြောင်း ပြောသွားတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။