အင်းစိန်ထောင်ထဲ အသံတိတ်ဆန္ဒပြခဲ့တဲ့ နိုင်/ကျဉ်း တစ်ရာနီးပါး ရိုက်နှက်တိုက်ပိတ်ခံရ
အင်းစိန်ထောင်ထဲမှာ Silent Strike (အသံတိတ်ဆန္ဒပြ) ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၈၉ ဦးကို ထောင်အာ ဏာပိုင်တွေက ရိုက်နှက်ကာ တိုက်ပိတ်ထားပြီး ဆေးဝါးလည်း ကုသခွင့် မရဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ က ပြောပါတယ်။
- 2021-12-14
-
-
-
အင်းစိန်ထောင်ထဲမှာ Silent Strike (အသံတိတ်ဆန္ဒပြ) ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၈၉ ဦးကို ထောင်အာဏာ ပိုင်တွေက ရိုက်နှက်ကာ တိုက်ပိတ်ထားပြီး ဆေးဝါးလည်း ကုသခွင့် မရဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ က ပြောပါတယ်။
သီးသန့်ထောင်ကနေ ပင်မအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရစဉ်အချိန် ရိုက်နှက်ခံခဲ့ရတာလို့ နိုင်ငံရေး အကျဉ်း သားဟောင်းများအသင်းက ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
"အခြေအနေကတော့ တော်တော်ကိုပြင်းထန်နေပါတယ်၊ ဒီလိုဆန္ဒပြရကောင်းလားဆိုပြီး စစ်တပ်က အပြင်းအထန်ကို နှိပ်စက်နေတယ်လို့ ထောင်တွင်းရင်းမြစ်တွေကနေ သိရတယ်၊ တိုက်ပိတ်တယ်၊ ပြင်းထန်စွာရိုက်နှက်တယ် အဲဒီအထဲမှာ ဗကသ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးက အခြေအနေ တော်တော် စိုးရိမ်စရာကောင်းတယ်"
ရိုက်နှက်ခံရတာ၊ တိုက်ပိတ်ခံထားရသူတွေထဲမှာ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုလေပြေစိုးမိုး တို့အပြင် တခြား နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ အင်းစိန်ထောင်ထဲက အချုပ်ဆောင်၊ သီးသန့်ဆောင်တွေမှာ ဖမ်းဆီးခံထားရသူတွေက သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုကြတာတွေ၊ မနက် ၁၀ ကနေ ညနေ ၄ နာရီအထိ အခန်းအပြင် မထွက်တာတွေ လုပ်ခဲ့ကြပါတယ်။
အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒု-ညွှန်မှူး ဦးချမ်းအေးကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ပြည်ထဲရေးက တိုက်ရိုက်ကိုင်တွယ်နေတာလို့ပဲ ပြန်ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း အင်းစိန်ထောင်ရဲ့ သီးသန့်ဆောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ ရုံးထုတ် ပေးဖို့၊ အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောင်မှု အပြည့်အဝပေးဖို့ စတဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ ပါတယ်။