ကြည့်မြင်တိုင် ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် PPST ရှုတ်ချ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဒီဇင်ဘာ ၇ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ကားနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့စဥ် AFP Photo
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဒီဇင်ဘာ ၇ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
 
အရပ်သားတွေကို အကာအကွယ်ပေးရေး ရှေးရှုပြီး ဒီလိုထုတ်ပြန်ရတာလို့ (PPST) က ဆိုပါတယ်။
 
ဒီဆန္ဒပြပွဲကို ကားနဲ့တိုက်ဖြိုခွင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့က သူတို့ရဲ့ ကြုံတွေ့လာရတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ထိရောက်တဲ့ ဟန့်တားမှုမျိုး ဆောင်ရွက်ရခြင်းဖြစ်မယ် ထင်ပါတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ က RFA က မေးမြန်းစဥ် ကာကွယ်ပြောဆိုထားပါတယ်။
 
ဒီဖြစ်ရပ်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ခေါင်းဆောင် ဦးနိုင်အောင်မင်းက ဆိုပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကြောင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပြဿနာတွေ အဖြေရှာဖို့ အလှမ်းဝေးစေတယ်လို့ လည်း (PPST) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org