PTT ကို ဇောတိက အလုပ်သမားတွေ တရားစွဲ
မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှာ ဓါတ်ငွေ့ ထုတ်လုပ်နေတဲ့ ထိုင်းနိုင်ငံ PTT ကုမ္ပဏီက ဇောတိက သဘာ၀ ဓါတ်ငွေ ထုတ်လုပ်တဲ့ စင်က မြန်မာအလုပ်သမားများ ရရှိသင့်တဲ့ ခံစားခွင့်ငွေများ မပေးတာကြောင့် အလုပ်သမားဝန်ကြီး ဌာနက PTTကို တရားဆွဲဆိုတဲ့ အမူမှာ မရမ်းကုန်းမြို့နယ် တရားရုံးမှာ စစ်ဆေးလျက်ရှိရာမှာ PTTက မြောက်ပိုင်းခရိုင် တရားရုံးကို ဒီကနေ့ ပြောင်းရွှေ့လျောက်ထားခဲ့ပါတယ်။
-
2016-07-12 -
-
-
Your browser doesn’t support HTML5 audio
မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှာ ဓါတ်ငွေ့ ထုတ်လုပ်နေတဲ့ ထိုင်းနိုင်ငံ PTT ကုမ္ပဏီက ဇောတိက သဘာဝဓါတ်ငွေ ထုတ်လုပ်တဲ့ စင်က မြန်မာအလုပ်သမားများ ရရှိသင့်တဲ့ ခံစားခွင့်ငွေများ မပေးတာကြောင့် အလုပ်သမားဝန်ကြီးဌာနက PTTကို တရားဆွဲဆိုတဲ့ အမူမှာ မရမ်းကုန်းမြို့နယ် တရားရုံးမှာ စစ်ဆေးလျက်ရှိရာမှာ PTTက မြောက်ပိုင်းခရိုင်တရားရုံးကို ဒီကနေ့ ပြောင်းရွှေ့လျောက်ထားခဲ့ပါတယ်။
မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ အမူကို ဇူလိုင်လ၂၇ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ မြန်မာ အလုပ်သမားများ ရသင့်တဲ့ အချိန်ပိုကြေးနဲ့ တရားဝင်အစိုးရရုံးပိတ်ရက်များအတွက် ရသင့်တဲ့ငွေ ၂ နှစ်ကျော် စာများပြန်လည်ပေးအပ်ဖို့ ရန်ကုန်တိုင်း အလုပ်ရှင်အလုပ်သမား ခုံသမဓိကောင်စီက အဆုံးအဖြတ် ပေးလိုက်ပေမဲ့ ကုမ္ပဏီက မပေးတာကြောင့် မရမ်းကုန်းမြို့နယ်တရားရုံးမှာ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ကုမ္ပဏီကို တရားစွဲခဲ့တာဖြစ်ပါတယ်။
အလုပ်သမားတစ်ဦးစီရဲ့ရသင့်တဲ့ ငွေဟာ တဦးကို အမေရိကန်ဒေါ်လာ ၁သောင်းကျော်ရှိတယ် လို့ ဇောတိက ရေနံစင်အလုပ်သမားအဖွဲ့ ဥက္ကဌ ဦးကိုင်ခိုလတ် က ပြောပါတယ်။
"ကျနော်တို့က ခုံသမဓိကောင်စီက အနိုင်ပေးတဲ့အတွက်ကြောင့် ကျနော်တို့ဇောတိက လုပ်ငန်းစတင် လည်ပတ်တည်းက လုပ်ခဲ့တဲ့ အချိန်တွေကိုပြန်တောင်းတယ်၊ ကျနော်တို့စုထားတာ ၃၀ ရှိတယ်၊ အယောက် ၃၀ ရဲ့ ၂ နှစ်ခွဲစာကို ကျနော်တို့ပြန်တွက်ချက်တဲ့အချိန်မှာ အလုပ်သမားတစ်ယောက်ချင်းစီ မှာ တစ်သောင်း သုံးထောင်လောက်ရှိတယ်၊ ကျနော်တို့ရသင့်၊ ရထိုက်တဲ့အချိန်ပိုကြေးတွေပေါ့နော်၊ အယောက် ၃၀ ဆိုတော့ ဒေါ်လာအနေနဲ့ပြောရရင် ၃ သိန်းကျော်တာပေါ့နော်၊ ၃ သိန်းကျော်၊ ၄ သိန်းနီးပါးလောက် ကျတယ်"
ဇောတိက ဓါတ်ငွေ့ထုတ်လုပ်စင်မှာ အလုပ်သမားနဲ့ အရာရှိစုစုပေါင်း ၈၀ ကျော်ရှိပေမဲ့ အမြဲတမ်း မြန်မာဝန်ထမ်း ၃၀ ရှိပြီး ကျန်ဝန်ထမ်းတွေထဲမှာ ထိုင်းနိုင်ငံက ဝန်ထမ်းများနဲ့ အမြဲတမ်းမဟုတ်တဲ့ မြန်မာဝန်ထမ်းများပါဝင်တာဖြစ် ပါတယ်။
ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က PTT ကုမ္ပဏီရုံးရန်ကုန်ကို ဆက်သွယ်မေးမြန်းရာမှာ ရန်ကုန်ကုမ္ပဏီဝန်ထမ်း အနေနဲ့ ပြောရေးဆိုခွင့်တာဝန်ပေးအပ် ထားခြင်းမရှိဘူးလို့ ရန်ကုန်ရုံး ပြန်ကြားရေးဌာနက ဖြေဆိုပါတယ်။
မုတ္တမပင်လယ်အော်အတွင်း ဓါတ်ငွေ့ထုတ်လုပ်နေတဲ့ ထိုင်းကုမ္ပဏီမှာ ဇော်တိက ဓါတ်ငွေ့ထုတ်လုပ်တဲ့ စင်က မြန်မာအလုပ်သမားများ ရရှိသင့်တဲ့ ခံစားခွင့်ငွေ များ မရတာကြောင့် အလုပ်သမားဝန်ကြီးဌာနက PTTကို တရားဆွဲဆိုတဲ့ အမူမှာ မရမ်းကုန်းမြို့နယ် တရားရုံးမှာ စစ်ဆေးလျက်ရှိရာမှာ PTTက မြောက်ပိုင်း ခရိုင်တရားရုံးကို ဒီကနေ့ ပြောင်းရွှေ့လျှောက်ထားခဲ့ပါတယ်။ ဒီအမူနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားများအဖွဲ့ ဥက္ကဌ ဦးကိုင်ခိုလတ်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။