အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ပြန်လည် ရုပ်သိမ်း

ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့ လွှတ်တော်မှာ တစ်နှစ်ကျော်ကြာ တင်သွင်း ထားခဲ့တဲ့ "အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း" ကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းလိုက် ပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် photo: RFA/ Win Naung Toe

ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်မှာ တစ်နှစ်ကျော်ကြာ တင်သွင်းထားခဲ့တဲ့ "အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း" ကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းမှာပါတဲ့ အချက်တွေကို ပြန်လည် သုံးသပ်ပြီး ပြည့်စုံတဲ့ ဥပဒေကြမ်းအဖြစ် ရေးဆွဲဖို့အတွက် ရုပ်သိမ်းတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကျနော်တို့အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း ကိုရေးဆွဲခဲ့ပြီး ကျနော်တို့လွှတ်တော်ကို တင်ပြခဲ့ ပါတယ်၊ ဒါပေမယ့် အဲလိုတင်ပြပြီးတဲ့အချိန်မှာ အများပြည်သူသိရှိနိုင်ရန် နိုင်ငံပိုင်သတင်းစာများကို ဖော်ပြပေးခဲ့ပါတယ်၊ အဲ့လိုဖော်ပြပြီးမှရရှိလာတဲ့ အကြံပြု ချက်များအရလည်းကောင်း၊ နောင်မှာပေါ်ပေါက်လာမယ့် ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေရဲ့အပေါ်မှာ မူတည်ပြီးတော့ လည်းကောင်း၊ နောက်ပြောင်းလဲလာတဲ့ မီဒီယာပတ်ဝန်းကျင်အခြေ အနေများကြောင့်လည်းကောင်း၊ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းမှာ ပါဝင်တဲ့အချက်များကို ကျနော်တို့ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း တွေ့ရှိရပါတယ်၊ ဒါကြောင့်မို့လို ဒီဥပဒေကြမ်း ကိုပြန်လည် ရုပ်သိမ်းပြီးတော့မှ ပိုမိုပြည့်စုံတဲ့ဥပဒေကြမ်း တစ်ခုအဖြစ်နဲ့ ပြန်လည်ကိုင်တွယ်ရေးဆွဲခွင့်ပြုဖို့အတွက် အလေးနက်ထားတင်ပြ အပ်ပါတယ်"

ဝန်ကြီး ဦးရဲထွဋ်ရဲ့တင်ပြချက်ကို ကန့်ကွက်သူမရှိတဲ့အတွက် ရုပ်သိမ်းဖို့ အတည်ပြု လိုက်ပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။

အစိုးရပိုင် သတင်းစာ၊ ရုပ်သံ ရေဒီယိုစတာတွေကို အများပြည်သူ အကျိုးအတွက် ဝန်ဆောင် မှုပေးနိုင်အောင် ပြုပြင်ပြောင်းလဲနိုင်ရေးအတွက်ရည်ရွယ်ပြီး ဥပဒေကြမ်း ရေးဆွဲတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း လာမယ့် မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နိုင်ငံတကာ စာနယ်ဇင်းသိပ္ပံ IPI (International Press Institute) အဖွဲ့ကကျင်းပမယ့် သတင်း ညီလာခံကိုတက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ သတင်းမီဒီယာသမား ၂၀ လောက်က ညီလာခံကိုမတက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org