ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူးဟောင်း ရေးသားသည့် မြန်မာအကြောင်းစာအုပ် ထုတ်ဝေ

ဒီစာအုပ်ဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် မြန်မာနိုင်ငံက တိုက်ပွဲဝင် သတ္တိရှင်တွေအတွက် ရည်ညွှန်းရေးသားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က Ellen Goldstein ရေးသားသည့် Damned if you do စာအုပ်မိတ်ဆက်ပွဲပြုလုပ်စဉ်။ RFA

မြန်မာနိုင်ငံမှာ ၂၀၁၇ က ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ Ellen Goldstein ရေးသားတဲ့ Damned if you do စာအုပ်မိတ်ဆက်ပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေက ကျင်းပပါတယ်။

ပြည်ပ အထောက်အပံ့အကူအညီနဲ့ မြန်မာနိုင်ငံမှာ အမှန်အကန်ဆောင်ရွက်ဖို့ ကျွန်မ၏ ရုန်းကန်ခြင်းလို့လည်း စာအုပ်ခေါင်းစဉ်ခွဲမှာ ရေးထားပါတယ်။ သူ မြန်မာနိုင်ငံကို ရောက်လာပြီး သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်း တဲ့အတွက် ရိုဟင်ဂျာတွေ အသတ်ခံရ၊ ရွာတွေ မီးရှို့ခံရ၊ လူ သိန်းနဲ့ချီထွက်ပြေးရချိန်နဲ့ ကြုံရတာတွေကို စာအုပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ Ellen Goldstein က ဒီစာအုပ်ဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် မြန်မာနိုင်ငံက တိုက်ပွဲဝင် သတ္တိရှင်တွေအတွက် ရည်ညွှန်းရေးသားတယ်လို့ ဆိုပါတယ်။

စာမျက်နှာ ၃၅၀ ကျော် ရေးသားထားတဲ့ စာအုပ်ကျောဖုံးမှာ ကိုယ့်ပြည်သူ ကိုယ်သတ်တဲ့ အစိုးရတစ်ရပ်ကို အကူအညီပေးမလားလို့လည်း စာရေးဆရာမက မေးခွန်းထုတ်ထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org