ပုလောမြို့နယ် ပဝတ်ဖျားရွာက နေအိမ် ငါးလုံး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားရွာအနီးမှာ ဇန်နဝါရီလ ၈ ရက် မနေ့ ည ၇ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုလော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ PRDF၊ KNU တို့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရွာထဲက နေအိမ် ငါးလုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ပုလော PDF က ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားရွာက နေအိမ်တွေ မီးလောင်နေတာကို ၂၀၂၂ ဇန်နဝါရီ ၈ ရက် နေ့က တွေ့ရစဉ် ဓာတ်ပုံ - ပုလော - PDF

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားရွာအနီးမှာ ဇန်နဝါရီလ ၈ ရက် မနေ့ ည ၇ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PRDF၊ KNU တို့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရွာထဲက နေအိမ် ငါးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပုလော PDF က ထုတ်ပြန်ပါတယ်။

နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ကြတာလို့ ပုလော PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"အခုအချိန်အထိ လက်နက်တွေ ပြန့်ကျဲနေတာ မကောက်ရသေးဘူး။ အများကြီးပဲ နာသွားတာ ဘာလို့လဲဆိုတော့ မိုင်းထိသွားတာလေ။ သူတို့တက်လာတဲ့ အခါကျတော့ ဆွဲမိုင်း စစ်ကောင်စီတွေ တက်လာတဲ့အခါကျတော့ ဒီဘက်က မိုင်းဆွဲတော့ အထိအခိုက်များသွားတာပေါ့။ အဲဒါ ရမ်းကားပြီး အိမ်တွေမီးနဲ့ သွားရှို့တာ"

ပဝတ်ဖျား ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေကို ဆွဲမိုင်းတွေနဲ့တိုက်ခိုက်ရာမှာ စစ်တပ်က လက်နက်ကြီး တွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ အထိအခိုက်မရှိဘူးလို့လည်း ဆိုပါတယ်။

အင်းအား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဘက်က လေးဦး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ် တွေကို မီးရှို့တာကို သူတို့ဘက်က လုပ်ဆောင်တာ မရှိဘဲ PDF အဖွဲ့တွေကသာ လုပ်ဆောင်တာလို့ မကြာ သေးခင်က ပြောဆိုထားပါတယ်။

ပုလောမြို့နယ် ပဝတ်ဖျားရွာဟာ KNU ထိန်းချုပ်ရာ နယ်မြေမှာရှိပြီး စစ်ကောင်စီဘက်က စစ်ကြောင်း သုံး ကြောင်းနဲ့ ချီတက်လာရာမှာ အဲဒီအထဲက စစ်ကြောင်းတစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပုလော PDF အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ပုလောမြို့နယ် ဆားခဲကျေးရွာမှာ ပုလော PDF,KNU, PRDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org