ပူတာအိုက ကျေးရွာ ၃ ရွာ ရေဘေးဒဏ်ခံစားနေရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေတွေ အလုံးအရင်းနဲ့ စီးဆင်းလာ တာကြောင့် ရွာ ၃ ရွာမှာ ရေကြီးပြီး သွားလာရေးခက်ခဲနေပါတယ်။

ပူတာအိုမြို့နယ်က မန်းစေကြိုးတံတားမှာ ရေနဲ့ပါလာတဲ့အမှိုက်တွေကို ရှင်းလင်းပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Myanmar Fire Services Department

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေတွေ အလုံးအရင်းနဲ့ စီးဆင်းလာတာကြောင့် ရွာ ၃ ရွာမှာ ရေကြီးပြီး သွားလာရေးခက်ခဲနေပါတယ်။

လူပေါင်း ၃၀၀၀ လောက် ရေဘေးဒဏ်ခံစားနေရပြီး လူအသေအပျောက်တော့မရှိဘူးလို့ ပူတာအိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခမ်ဖုန် က ပြောပါတယ်။

‘’မိုးတအားများလို့၊ တောင်ကျရေတအားများလို့၊ မြစ်ချောင်းကြီးတဲ့ ချောင်းတစ်ချောင်းက ချောင်းလေးတွေက ထောက်သွားတာပေါ့၊ ကျန်တဲ့လက်တက်ချောင်းလေးတွေလည်း ရေကြီးတဲ့အခါကျတော့ နဲနဲကြီးတဲ့ချောင်းက ထောက်သွားတာပေါ့၊ ထောက်သွားတဲ့အခါ အိုင်သွားတာပေါ့ အိုင်သွားတော့ ရွာတွေထဲ ရေတွေလွှမ်းတာပေါ့၊ နမ်ပလက်ချောင်းရေကြီးတာပေါ့၊ ရွာတွေကလည်း ဆက်နေတာလေ’’

ပူတာအိုမြို့နဲ့ ၇ မိုင်အကွာလောက်မှာရှိတဲ့ မန်လည်ကျေးရွာအုပ်စုက လုန်မူတန်း၊ မုန်ငါရ်နဲ့ ဒါကိုရှီစား ကျေးရွာတွေမှာ ရေကြီးနေတာဖြစ်ကြပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒီနှစ်ရေကြီးတာဟာ အဆိုးရွား ဆုံးဖြစ်ကြောင်းလည်း ပြောပါတယ်။

ရေဘေးကြုံတွေ့နေတဲ့ ကျေးရွာတွေမှာ ပူတာအိုမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေပြီး မနေ့ကနေ့လည်ပိုင်းက အထက်ဆန်ခေါင်ကျေးရွာမှာ ရေကြီးပြီး နေအိမ် ၁ လုံးပြိုကျခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက မိုးအဆက်မပြတ်ရွာခဲ့တာဖြစ်ပြီး နမ်ပလက်ချောင်းရေ မြင့်တက်လာ တာကြောင့် စက်တင်ဘာလ ၉ ရက်နေ့ကစပြီး နေအိမ်တွေထဲ ရေတွေဝင်လာတာလို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org