ပြည်မြို့ မီးရရှိရေး ဆန္ဒပြသူ ၅ ဦး ရဲတပ်ဖွဲ့က တရားစွဲဆို

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မနေ့ညပိုင်း က လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသူတွေထဲက ဦးဆောင်သူ ၅ ဦး ကို ပြည်မြို့ရဲစခန်းမှူး ရဲအုပ် ဦးလှထွန်းက တရားလိုပြုလုပ် ပြီး ပုဒ်မ (၁၈) နဲ့ ဒီကနေ့မှာ တရားစွဲလိုက်တယ်လို့ သိရပါ တယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မနေ့ညပိုင်းက လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသူတွေထဲက ဦးဆောင်သူ ၅ ဦးကို ပြည်မြို့ ရဲစခန်းမှူး ရဲအုပ် ဦးလှထွန်းက တရားလိုပြုလုပ်ပြီး ပုဒ်မ (၁၈)နဲ့ ဒီကနေ့မှာ တရားစွဲလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ တရားစွဲခံရသူငါးဦးမှာ ကိုကျော်စန်း၊ ကိုကျော်ဆွေ၊ ကိုဝင်းလှိုင်၊ ကိုမင်းမင်းထွန်းနဲ့ ကိုစိုးနိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ ကိုကျော်စန်းက RFA ကို ပြောပါတယ်။

အဲဒီဆန္ဒပြပွဲဟာ ပြည်မြို့အတွင်း လျှပ်စစ်မီး ပုံမှန်ရရှိဖို့အတွက် ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်ခန့်ဟာ မနေ့က ည ၇ နာရီမှာ ဖယောင်းတိုင်တွေထွန်းပြီး ပြည်မြို့နယ် လျှပ်စစ်ရုံးရှေ့ကနေ ငြိမ်းငြိမ်းချမ်းချမ်း စတင်ချီတက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ပတ်ပတ်လည်မှာ ဖယောင်းတိုင်တွေ ထွန်းခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org