၆ လတာ ဘတ်ဂျက် ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်း

၂၀၁၈ ခုနှစ် ဧပြီလ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၆ လ ဘတ်ဂျက်ဖြစ်တဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

၂၀၁၈ ခုနှစ် ဧပြီလ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၆ လ ဘတ်ဂျက်ဖြစ်တဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဥပဒေကြမ်းအရ နိုင်ငံရဲ့ လိုငွေက ၂၁၈၆ ဘီလီယံ ကျပ်ဖြစ်တယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီထဲမှာ ပြည်ထောင်စုရဲ့ ရငွေက ဘီလီယံ ၈ထောင်ကျော်၊ အသုံးစရိတ်က ဘီလီယံ တစ်သောင်းကျော်၊ လိုငွေ ဘီလီယံ နှစ်ထောင်ကျော် ဖြစ်ပြီး တိုင်းဒေသကြီးရငွေက ဘီလီယံ ၄၀၀ နီးပါးနဲ့ အသုံးစရိတ်က ဘီလီယံ တစ်ထောင်ကျော် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ အထိသတ်မှတ် ထားပေမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်ကို ပြောင်းလဲဖို့အတွက် ကြားကာလ ၆ လကို တောင်းခံတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၆ လ ဘတ်ဂျက်မှာ ပြည်သူလူထုအတွက် လတ်တလော ဖြည့်ဆည်းပေးရမယ့်ကိစ္စတွေ၊ အမျိုးသားစီမံကိန်းအတွက် အမှန်တကယ်ဆောင်ရွက် ရမယ့်ကိစ္စတွေကိုဦးစားပေးဖို့ မကြာသေးခင်က ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org