ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သူရဦးရွှေမန်းနဲ့ တွေ့

ပျဉ်းမနား နေပြည်တော်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ဒီကနေ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့တွေ့ဆုံမယ်လို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP) (Photo: AAPP)

ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း သီးခြားစီ တွေ့ဆုံမယ်လို့ သိရပါတယ်။

မနက်ဖြန်မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျုးိသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီတချို့နဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေကိုလည်း သွားရောက် ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မစ္စတာကင်တားနားဟာ သြဂုတ်လ (၂၅) ရက်မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org