လူအခွင့်အရေး တိုးတက်လာပေမယ့် ကွာဟမှုတွေ ရှိနေသေးကြောင်း ကင်တားနားပြော

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမူတွေကြောင့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပေမယ့် ကြီးမားတဲ့ကွာဟမှု တစ်ရပ် ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Quintana က ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမူတွေကြောင့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပေမယ့် ကြီးမားတဲ့ကွာဟမှုတစ်ရပ် ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Quintana က ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ (၂၂) ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

Mr Quintana ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို မတ်လ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာကို မနေ့ကညီလာခံမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တွေ့မြင်နိုင်ကြောင်း၊ ဒီဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ မတည်မငြိမ်ဖြစ်လာအောင် ဖန်တီးနိုင်တဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်ဖို့ရှိကြောင်း အဲဒီသက်ရောက်မှုတွေ အမြစ်မတွယ်ခင် ရှင်းလင်းထားသင့်ကြောင်း၊ ၂၀၁၁ခုနှစ် မေလက နိုင်ငံရေးအကျဉ်းသား (၈၀၀)ကျော် လွတ်ပေးခဲ့တာကို ကြိုဆိုပါကြောင်း၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၅၀) ကျော် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးကြောင်း ပြောကြားခဲ့ပါတယ်.။

လူ့အခွင့်အရေးကိုယ်စားလှယ် Mr Quintana ရဲ့ တင်ပြချက်အပြီးမှာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေက ရခိုင်ဒေသမှာ မနှစ်ကဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မူတွေကြောင့် နှစ်ဦးနှစ်ဘက် နစ်နာခဲ့ရကြောင်း၊ အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးပြီးဖြစ်သလို၊ ပြဿနာကိုဖြေရှင်းနိုင်မယ့် ရေတိုရေရှည် အစီအစဉ်အရပ်ရပ်ကိုလည်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး၊ ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်က နိပ်စက်ညှင်းပန်းတာတွေ လုပ်နေတယ်ဆိုတာကို ငြင်းဆိုသွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org