ကုလကိုယ်စားလှယ် လားရှိုးမြို့မှ အစ္စလာမ် ခေါင်းဆောင်များ နဲ့ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Quintana ဟာ မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒေသခံ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ဟာ မနေ့က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဒေသခံ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ကိစ္စတေွနဲ့ ပတ်သက်ပြီး  မနေ့က လားရှိုးမြို့ Golden Hill ဟိုတယ်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ၉ ဦးနဲ့ တေွ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဦးဇော်မင်းနိုင်က ပြောပါတယ်။

ဒီကိစ္စမှာ စစ်တပ်ကပါသလား ဒါမှမဟုတ် ရဲကပါသလား ဒါမှမဟုတ် ဘုန်းတော်ကြီးတွေပါသလား အဲဒါတွေမေးပါတယ်၊ ဒီမြို့ပေါ်မှာ တကယ်တမ်း အကြမ်းဖက် ဖျက်ဆီးတဲ့အချိန်မှာ သင်္ကန်းတော့စည်းထားတာတွေ့တယ်၊ ဒါပေမယ့် အဲဒါတွေ ဘုန်းကြီးအစစ်မဖြစ်နိုင်ဘူး ဆိုတဲ့အကြောင်းကိုပဲ ကျနော်တို့ပြောပါတယ်၊ သူက ကုလသမဂ္ဂကို လူ့အခွင့်အရေးကိစ္စတင်တဲ့အချိန်မှာ ဒီအကြောင်းအရာတွေအကုန်လုံးကို ပြည့်စုံအောင်တင်မယ့်အကြောင်း ပြောပါတယ်”

မစ္စတာ ကင်တားနားဟာ လားရှိုးြမို့က မထွက်ခွာခင် ဒေသခံ တအောင်း အမျိုးသားများအဖွဲ့၊တအောင်း အမျိုးသမီးများအဖွဲ့ို့နဲ့လည်း ေတွ့ဆုံဆွေးနွေးခဲ့ပါတယ်။ တအောင်း အမျိုးသမီးများအဖွဲ့က လွေးပိုးချိန်ဆီကို RFA ဒေါ်ခင်ခင်အိက ဆက်သွယ်မေးြမန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org