လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဟု အထူးကိုယ်စားလှယ်သုံးသပ်

အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေ အပါအဝင် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တားမြစ်ပေးဖို့ လက်ရှိအစိုးရက ဆောင်ရွက်မှု မရှိသေးဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တာနားက မေလ ၂၃ ရက် ဒီကနေ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား။ (Photo: RFA) Photo: RFA

မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံ နယ်စပ်ဒေသ တလျှောက်က စစ်ပြေးဒုက္ခသည်တွေနဲ့ တပတ်ကြာ တွေ့ဆုံပြီး အခုလို သတင်းစာရှင်းလင်းပွဲကို ဗန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့တာပါ။

မြန်မာအစိုးရဟာ တိုင်းရင်းသားအရေးကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ ပျက်ကွက်တာဟာ အထူးစိုးရိမ်စရာပါပဲ၊ အခု အသစ်တက်လာတဲ့ အစိုးရသစ်ဟာ ဒီမိုကရေစီ လမ်းညွှန်ချက်အတိုင်း နောက်ဆုံး အကောင်အထည်ဖော်တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီစနစ်တခုကို အသွင်ကူးပြောင်းမယ်ဆိုရင် အစိုးရတရပ် ထွက်ပေါ်လာရုံနဲ့ မပြီးပဲ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွေ လိုအပ်ကြောင်း မစ္စတာ ကင်တားနားက ပြောပြပါတယ်။

မြန်မာအစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံအတွင်း ဝင်ရောက် လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲအကြောင်းကို သွားရောက် သတင်းယူခဲ့တဲ့ RFA သတင်းထောက် ဒေါ်ခင်မျိုးထွေးက တင်ပြထားပါတယ်။

မစ္စတာ ကင်တားနား၏ သတင်းစာရှင်းပွဲ
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org