လူ့အခွင့်အရေးတိုးတက်ဖို့ မစ္စတာကင်းတားနား တိုက်တွန်း

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် လိုအပ်ချက် အားလုံး ဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့မှာ ပြောကြားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP) (Photo: AAPP)

ဒီကနေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် RFA က ဆက်သွယ်မေးမြန်းရာမှာ မစ္စတာကင်တားနားက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမဲ့ အနာဂတ်ကာလမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ ဒီအတွက် လိုအပ်ချက်အားလုံးကို ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ်ဟာ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးတာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့ လုပ်ဆောင်နေတဲ့ အဆင့်တိုင်းမှာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေ အပြည့်အဝ ခံစားခွင့်ရှိဖို့ အကောင်အထည် ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။

မစ္စတာ ကင်တားနားနဲ့ ဆက်သွယ်မေးမြန်းပြီး RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org