မကွေးတိုင်းမှ ရထားလမ်းဖောက်လုပ်မှု လယ်ယာမြေတွေ ထိခိုက်ဆုံးရှုံး
မြန်မာနိုင်ငံ မီးရထားဝန်ကြီးဌာန က မကွေးတိုင်း ဒေသကြီးအတွင်း၊ မကွေး- နတ်မောက်- ပျော်ဘွယ် ရထားလမ်းသစ် ဖောက်လုပ်ရာမှာ ရထားလမ်း မြေသားတာဘောင်ရဲ့ ပိတ်ဆို့မှုကြောင့် နတ်မောက် မြို့နယ်အတွင်း လယ်ယာမြေတချို့ ရေဘေးအန္တရာယ် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
-
2011-04-23 -
-
-
နတ်မောက်မြို့နယ်၊ နလခုတ်ပင် ကျေးရွာအုပ်စု၊ ကြူအိုင်ကျေးရွာအနီးမှာ ဖြတ်သန်းဖောက်လုပ်တဲ့ မီးရထားလမ်း တာဘောင်ကြီးကြောင့် ပြီးခဲ့တဲ့နှစ်က လယ်ယာမြေတွေ ရေနစ်မြုပ်ခဲ့ပြီး အခုနှစ်မှာလည်း နွေစပါး စိုက်ထားတဲ့ လယ်ယာမြေတွေ အလားတူ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အကြောင်း ကြူအိုင်ကျေးရွာနေ လယ်သမားကြီးတဦးက ပြောပြပါတယ်။
မနှစ်က လယ်ယာမြေတွေ ရေနစ်လို့ ချိုးဖောက်ထားတဲ့ မီးရထားလမ်း တာဘောင်ကို နန်းပြည်တံခွန် ကုမ္ပဏီ က သြင်္ကန်ကာလ မတိုင်မီက ပြန်လည်ပြီး ပိတ်ဆို့ တည်ဆောက်နေတာလို့ ဆိုပါတယ်။ တည်ဆောက်မှု ပြီးစီးသွားခဲ့ရင် ကြူအိုင်ကျေးရွာဟာ မိုးရာသီမှာ ရေဘေး အန္တရာယ် ကြုံတွေ့ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။