အကူအညီတွေ လုံလောက်မှု ရှိ မရှိ ရခိုင်မှာ စစ်တမ်းကောက်မည်

ရခိုင်ပြည်နယ်မှာ လက်ရှိပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုံလောက်မှု ရှိ မရှိ စစ်တမ်းကောက်ယူသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်မှာ လက်ရှိပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုံလောက်မှု ရှိ မရှိ စစ်တမ်းကောက်ယူသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ယာယီရပ်နားချိန်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောတာဖြစ်ပါတယ်။

အဲဒီစစ်တမ်းမှာ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကြုံတွေ့ရမှုနဲ့ ရင်ဆိုင် တုန့်ပြန်ရေးဆိုင်ရာ အထောက်အပံ့တွေ၊ နေ့စဉ်အာဟာရဆိုင်ရာ ထောက်ပံ့မှုတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထောက်ပံ့တာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးကိုလည်း လုပ်ဆောင်ပေးသွားမယ် လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အဲဒီစစ်တမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org