နိုင်ငံသား စိစစ်မှုဆန်းစစ်ရေး ဆွေးနွေးပွဲ စစ်တွေမှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အစိုးရက စိစစ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အားနည်း ချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို ရခိုင်တိုင်းရင်း သားတွေက စစ်တွေမြို့မှာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အားနည်းချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အစိုးရက စိစစ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အားနည်းချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို ရခိုင်တိုင်းရင်း သားတွေက စစ်တွေမြို့မှာ နှစ်ရက်ကြာ ကျင်းပနေ ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်နေတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ တောင်းဆို ချက်တွေ၊ သဘောထားတွေကို ဒီအလုပ်ရုံဆွေးနွေးပွဲ ကနေ အတည်ပြုဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဦးဆောင်ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြောပါတယ်။

"မြေပုံမှာဆိုလည်း နိုင်ငံသားနဲ့ ပြုနိုင်ငံသားပေးတဲ့ အရေအတွက်ဟာ ပေးသင့်တာထက် ပိုများနေ တယ်လို့ ရခိုင်တွေက ယူဆတာပေါ့နော်၊ တခြားမြို့နယ်တွေမှာ လုပ်လာတဲ့အခါမှာ စိစစ်ရေးကော်မတီမှာပါလာတဲ့ ရခိုင်ကိုယ်စားလှယ်တွေ ပြီးရင် တခြားစောင့်ကြည့်သူတွေ ပါတီတွေအနေနဲ့ ယိုပေါက်ကဘာရှိတယ်၊ တကယ်တမ်း ကိုင်ထားရမယ့်နေရာတွေက မကိုင်ထားပဲ လျော့ပေးလိုက်သလား စသည်အားဖြင့်ပေါ့နော်၊ အဲ့ဒါတွေကို ထဲထဲဝင်ဝင်သိနိုင်မှာဖြစ်တယ်၊ လိုအပ်ရင်ကျနော်တို့ ဘုံရပ်တည်ချက်ကို ထုတ်နိုင်အောင်ဆိုပြီး ဒီဟာကိုလုပ်တာပါ"

ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြီးခဲ့တဲ့ သြဂုတ်လက မြေပုံမြို့နယ်မှာ စမ်းသပ်ဧရိယာအဖြစ် သတ်မှတ်အကောင်အထည်ဖော်ခဲ့စဉ်က မြို့နယ်အဆင့် စိစစ်ရေးကော်မတီရဲ့ စိစစ်ချက်အရ အထောက်အထားမခိုင်လုံတဲ့သူတွေကို နိုင်ငံသားနဲ့ ပြုနိုင်ငံသားအဖြစ် ပေးအပ်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့တာတွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ တခြားမြို့နယ်တွေမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်စိစစ်တဲ့အခါ ဥပဒေမဲ့ ထုတ်ပေးထားတဲ့ ပန်းရောင်နိုင်ငံသားလက်မှတ်တွေကို စစ်ဆေးသွားရေးကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တစ်ခုလုံးက ကိုယ်စားလှယ်ပေါင်း ၆၀ ခန့် တက်ရောက်ဆွေးနွေးနေ ကြတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် စစ်တွေမြို့ကနေ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org