ရခိုင်ပြည်နယ်မှာ တပ်အင်အား ဖြည့်တင်းထားကြောင်း ပြော

တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် ရခိုင်ပြည်နယ်မှာ တပ်အင်အားတွေ တိုးမြှင့်ချထား လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။

စစ်တွေလေဆိပ်မှာ တပ်မတော်သားတွေကို တွေ့ရစဉ် ဓါတ်ပုံ - မြင့်မြတ်ဖြူ

တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် ရခိုင်ပြည်နယ်မှာ တပ်အင်အားတွေ တိုးမြှင့်ချထားလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့စတင်ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအပြီး RFA က မေးရာမှာ ကာကွယ်ရေးဝန်ကြီးက ရခိုင်ပြည်နယ်မှာ နဂိုရှိပြီးသားအင်အားကို ထပ်ဖြည့်ထားတယ်လို့ ပြောတာ ဖြစ်ပါတယ်။

ဒါပေမယ့် တပ်အင်အား ဘယ်လောက်ဖြည့်တင်းတယ်ဆိုတာကိုတော့ ကာကွယ်ရေးဝန်ကြီးက မပြောကြားခဲ့ပါဘူး။

ရခိုင်ပြည်နယ် မေယုတောင်ကြားမှာ ပြီးခဲ့တဲ့လအတွင်းက အကြမ်းဖက်လေ့ကျင့်ရေးစခန်းတွေ၊ လှိုဏ်ဂူတွေ တွေ့ ရှိခဲ့သလို ယခုလဆန်းက မြိုတိုင်းရင်းသားအချို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတာတွေရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org