ရခိုင်အရေး အရေးကြီးကိစ္စ ၃ ခုကို ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေရပ်စွန့်ခွာပြောင်းရွှေ့လာသူတွေကို ပြန်လည်နေရာ ချထားရေးအပါအဝင် အရေးကြီးကိစ္စ သုံးခုကို ပြည်နယ်အစိုးရက ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

၀န်ကြီးချုပ်ဦးညီပုကို စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေရပ်စွန့်ခွာပြောင်းရွှေ့လာသူတွေကို ပြန်လည်နေရာ ချထားရေးအပါအဝင် အရေးကြီးကိစ္စ သုံးခုကို ပြည်နယ်အစိုးရ က ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူတွေအတွက် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုတွေက အလှူငွေ ကျပ် သိန်း ၂၀၀ ကျော် လှူဒါန်းတဲ့ အခမ်းအနားအပြီးမှာ ဝန်ကြီးချုပ်ဦးညီပုက ပြောတာဖြစ်ပါတယ်။

ငွေလှူဒါန်းပွဲကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကျင်းပခဲ့တာဖြစ်ပြီး မန္တလေးမှာနေထိုင်ကြတဲ့ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသားတွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ပြန်လည်နေရာချထားရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေအတွက် စီမံချက်ရေးဆွဲဆောင်ရွက် သွားမယ်လို့လည်း ဦးညီပု က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ အပြီး နေရပ်စွန့်ခွာတဲ့ ရခိုင်နဲ့ လူနည်းစုတိုင်းရင်းသားနှစ်သောင်းကျော်ရှိတယ်လို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေကိုလည်း မြန်မာနိုင်ငံမှာနေခဲ့ကြောင်း သက်သေပြနိုင်ရင် ပြန်ခေါ်မယ်လို့လည်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org