ရခိုင်ပြည်နယ်က ရေနံ တရုတ်ပြည်ကို စတင်စမ်းသပ် ပို့လွှတ်

ရခိုင်ပြည်နယ် မဒေးကျွန်းကနေ မြန် မာ့ရေနံ တရုတ်ပြည်ကို ပိုက်လိုင်းက တဆင့် တင်ပို့ဖို့သွယ်တန်းခဲ့ရာမှာ မနေ့က ရေနံစတင် စမ်းသပ် ပို့လွှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မဒေးကျွန်းကနေ မြန်မာ့ရေနံ တရုတ်ပြည်ကို ပိုက်လိုင်းကတဆင့် တင်ပို့ဖို့သွယ်တန်းခဲ့ရာမှာ မနေ့က ရေနံစတင်စမ်းသပ် ပို့လွှတ်ခဲ့ပါတယ်။

၄၇၈ မိုင်ရှည်လျားတဲ့ အဲ့ဒီရေနံပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနဲ့ မြန်မာအစိုးရ မြန်မာ့ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်းတို့ ၂ဝ၁ဝ ပြည့်နှစ် ဇွန်လက စတင်ပူးတွဲတည်ဆောက်ခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် မေလက ပြီးစီးခဲ့ပါတယ်။

ရေနံပိုက်လိုင်းစီမံကိန်းရဲ့ ၅ဝ.၉ ရာခိုင်နှုန်းကို CNPC က ပိုင်ဆိုင်ပြီး၊ ကျန်တဲ့ ၄၉.၁ ရာခိုင်နှုန်းကို မြန်မာက ပိုင်ဆိုင်မှာဖြစ်ပါတယ်။

ရေနံအစမ်းပို့လွှတ်ပွဲ အခမ်းအနားကို မြန်မာအစိုးရ ဒုသမ္မတ ဦးဉာဏ်ထွန်းနဲ့ CNPC ကုမ္ပဏီ ညွှန်ကြားရေးမှူး ချုပ် လျောင်ယန်းယန်တို့ တက်ရောက်ခဲ့ကြပါတယ်။ တရားဝင်ဖွင့်ပွဲ အခမ်းအနားကို လာမယ့်သောကြာနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

အခုရေနံပိုက်လိုင်းသစ်ကနေ တရုတ်ကို နှစ်စဉ်ရေနံစိမ်းပမာဏ တန်ချိန် ၂၂ သန်း ပို့လွှတ်မယ်လို့ သိရပါတယ်။

မြန်မာက တရုတ်ကိုပို့လွှတ်နေပြီဖြစ်တဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကိုတော့ ၂ဝ၁၃ ခုနှစ်က စတင်ပို့လွှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org