ရခိုင်ပြည်နယ် အကြံပေးကော်မ ရှင်ကို ပြည်တွင်းပညာရှင်တွေ နဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ အဆိုတင်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ပြည်တွင်းပညာရှင်တွေနဲ့ ပြင်ဆင် ဖွဲ့စည်းပေးဖို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
2016-08-30 -
-
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ တင်သွင်းခဲ့တာကို ကန့်ကွက်သူမရှိတဲ့အတွက် ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ကော်မရှင်မှာ နိုင်ငံခြားသားတွေကို တာဝန်ပေးပြီး ဆောင်ရွက်တာဟာ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင်လုပ်တာလို့ အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က ပြောပါတယ်။
အဲ့ဒီကော်မရှင်မှာ ရခိုင်ပြည်နယ်နဲ့ ပြည်တွင်းအရေးကို နားမလည်တဲ့ နိုင်ငံခြားသား ၃ ဦးပါနေတာ မဖြစ်သင့်ကြောင်းနဲ့ ပြည်တွင်းအရေးကိစ္စကို နိုင်ငံတကာပြဿနာအဖြစ် ကိုင်တွယ်ဖြေရှင်းတာ မဖြစ်သင့်ကြောင်း အဆိုတင်သွင်းတဲ့ ဦးအောင်ကျော်ဇံ က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးဟောင်း မစ္စလတ်တီတီရာ ဗန်ဒန် အာဆမ် နဲ့ ပြည်တွင်းက ပညာရှင်တွေ စုစုပေါင်း ၉ ဦးပါဝင်တဲ့ အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အဲ့ဒီအဆိုကို ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေဟာ လာမယ့် စက်တင်ဘာလ ၁ ရက်မှာ နောက်ဆုံးအမည်စာရင်းပေးရမှာဖြစ်ပါတယ်။