ရခိုင်ကော်မရှင်အဖွဲ့ စစ်တွေ မြို့က ကျေးရွာတွေကို သွားရောက်လေ့လာ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ သဲချောင်း၊ အုန်းတော ကြီး၊ ရေချမ်းပြင် စတဲ့ ကျေးရွာတွေကို သွားရောက် ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့တွေ နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့ရှိ ကျေးရွာတွေကဒေသခံတွေနဲ့ တွေ့ဆုံနေစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ ရေ ချမ်းပြင် စတဲ့ ကျေးရွာတွေကိုသွားရောက် ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သဲချောင်း မွတ်ဆလင်ကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်မှာ နေထိုင်လာ ခဲ့တဲ့ မွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ တင်ပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ တဲ့ သဲချောင်းရွာခံ ဦးကျော်လှက ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဘက်ကတော့ နိုင်ငံသားပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်မှုကိုခံယူကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးကျော်လှ က ပြောပါတယ်။

"ခေတ်အဆက်ဆက် ဆန္ဒမဲပေးပြီးတော့ ဒီနိုင်ငံမှာ ကျွန်တော်တို့ လုပ်ပေးလာတဲ့ လူမျိုးထဲမှာပါတယ်၊ ၂၀၀၈ ဥပဒေမှာလည်း ကျွန်တော်တို့ မဲတွေပေးပြီးတော့ လုပ်ပေးလာတဲ့ လူတွေဖြစ်တယ်၊ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်လျှက်နဲ့ ဆန္ဒမဲပေးပိုင်ခွင့်မရှိဘူးဆိုတာ ကျနော်တို့အတွက် မတရားတာမဟုတ်ဘူးလား"

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ မွတ်ဆလင်တွေနဲ့ သီးခြားစီ အုပ်စုလိုက် တွေ့ဆုံခဲ့ကြ တာဖြစ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိစ္စအပြင် မွတ်ဆလင်တွေရဲ့ စားဝတ်နေရေးနဲ့ တခြားလူမှုဘဝ အခြေအနေတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

ဒီခရီးစဉ်မှာ မလိုက်ပါခဲ့တဲ့ ကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို စိုးရိမ်မိကြောင်းနဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်ကြဖို့ မနေ့က ကြေညာချက် ထုတ်ပြီး တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ဦး နဲ့ ကော်မရှင်ရုံးတာဝန်ရှိသူတွေဟာ မနေ့က စစ်တွေ မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ပြည်နယ်အစိုးရ နဲ့တွေ့ဆုံခဲ့သလို စစ်တွေမြို့က ရခိုင်တိုင်း ရင်းသားတွေနဲ့ မွတ်ဆလင် နှစ်ဘက်စလုံးက ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ မနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက နှစ်ဘက်အသိုင်းအဝန်းကြား အခြေအနေတွေကို ဒုတိယ အကြိမ်မြောက် လာရောက်လေ့လာနေတာ လည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ် က ကျေးရွာတွေကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် မောင်တောခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org