ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၇၀ ထပ်တိုး

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ အယောက် ၇၀ ကို ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက် သြဂုတ် ၂၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

စစ်တွေမြို့မှာ သွားလာနေသူတွေကို ၂၀၂၀ သြဂုတ် ၂၀ ရက်နေ့က တွေ့ရစဉ် Photo: Ni Min Tun/RFA

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ အယောက် ၇၀ ကို ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက  ဒီမနက် သြဂုတ် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါက အတည်ပြုလူနာ အများဆုံး တွေ့ရှိတာလည်း ဖြစ်ပါတယ်။ အတည်ပြုလူနာသစ်တွေရဲ့ အချက်အလက်တွေ ကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သြဂုတ် ၂၅ရက်နေ့က ဒုတိယအသုတ် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ၈၂၅ ခုကို စစ်ဆေးရာကနေ တေ့ွရှိတာပါ။

ပထမအသုတ် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ ၁၄၇၅ ခုကို စစ်ဆေးခဲ့တာကနေတော့ အတည်ပြုလူနာ အယောက် ၃၀ တေ့ွရှိခဲ့ကြောင်း သြဂုတ် ၂၄ ရက်နေ့ည ၈ နာရီကျော်မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

မနေ့ညက တွေ့ရှိခဲ့တဲ့ လူနာအသစ်တွေထဲမှာတော့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ပေါက်တောတို့က ၂၆ ယောက်၊ ချင်းပြည်နယ် ဟားခါးက တစ်ယောက်၊ ရှမ်းပြည်နယ် တောင်ကြီး တစ်ယောက်၊ ရန်ကုန်တိုင်း မရမ်းကုန်းက တစ်ယောက်၊ မွန်ပြည်နယ် မော်လမြိုင်က တစ်ယောက်တို့ ပါဝင်ပါတယ်။

ဒီနေ့မနက်အထိဆိုရင် မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၅၇၄ ယောက် ရှိနေပြီး သေဆုံးသူ ခြောက်ယောက် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org